Part (15)

1.3K 56 1
                                    

သူ

🌸pann

Part (15)

နန်းမြတ် စစ်သွေးအိမ်က ပြန်လာကတည်းက ရေချိုးခန်းထဲ ဝင်ကာ ရေစိမ်ချိုးလိုက်သည်..။

ရေချိုးတာလို့ ခေါင်းစဉ်တပ်ပေမယ့် တကယ်တမ်းကျ မျက်ရည်တွေ မမြင်အောင် ရေနဲ့ဆေး ချနေတာပါ..

တော်တော်ကြာ ရေထဲစိမ်နေပြီးမှ အင်္ကျီလဲ ကာ အောက်ထပ်ဆင်းတော့ အဖေနဲ့အမေ ပြောနေသံ တစွန်းတစ ကြားလိုက်ရတာက..

" သားစစ်က ဘယ်လိုနေလဲ.. "

" မသိသေးဘူး.. သမီး မသိအောင် သွားမှရမယ် သားက မသိစေချင်ဘူး တဲ့ "

" အင်းပါ "

နန်းမြတ် သဲ့သဲ့ကြားရတာက ဘာတွေလဲ.. သားစစ် တဲ့ သားစစ်ဆိုရင် စစ်သွေးလား စစ်သွေးကို ပြောတာလား ။

နန်းမြတ် မပြီးဆုံးသေးတဲ့လှေကားကို အဆုံးထိပြေးဆင်းကာ.. အပြင်ထွက်ဖို့ တာဆူနေကြတဲ့ အမေနဲ့အဖေကို တွေ့ပြီ..

သုတ်သုတ် သုတ်သုတ်နဲ့ အလောတကြီး ထွက်သွား ကြတာမို့ နန်းမြတ်ကိုမမြင်.. ကားက အပြင်ထွက် သွားတော့မှ နန်းမြတ် လိုက်ဖို့ အခက်ကြုံ ပြီ ။

နန်းမြတ်မှ ဘာမှမမောင်းတတ် မစီးတတ်တာ..ကျွတ်

ဟော.. ဒီနေ့မှ ကံတရားက နန်းမြတ်ဘက်ပါနေတော့ ရှားရှားပါးပါး taxi တစ်စီးတွေ့တာနဲ့ အမြန်တားကာ အဖေတို့ကားနောက် လိုက်ခိုင်းရသည်.. ။

ဘယ်ကိုများ အလောတကြီး သွားနေကြတာပါလိမ့်..

နန်းမြတ် လည်း ဆက်တိုက် taxi ဦးလေးကြီး
ကို အမှီလိုက်ခိုင်းရသည်.. ။

ဟင်..

ထွန်း (ဆေးရုံ ) ပါလား.. ဘာလာလုပ်ကြတာလဲ

" သမီး..ကားခ "

နန်းမြတ် ကားပေါ်က အမြန်ပြေးဆင်းတော့ ဦးလေးကြီးက အော်ပြီ.. ။

ပေးမယ်ဆိုကာမှ သတိဝင်သည်.. နန်းမြတ်မှ ဘာမှမယူလာဖြစ်တာ

" ဦးလေး စောနက သမီးမိဘတွေ.. အထဲလိုက်ပြီး ယူပေးလို့ရမလား သမီး အမြန်ထွက်လာလို့ မယူဖြစ်ဘူး "

" အေးပေါ့.. ပိုက်ဆံ ရချင်မှတော့ လိုက်ရမှာပေါ့ "

" လိုက်ခဲ့ပါနော် ဦးလေး.. "

သူ (Unicode)Tempat cerita menjadi hidup. Temukan sekarang