သူ
🌸pann
Part (13)
" စစ်သွေး.. "
ကျွန်တော် အတွေးနဲ့ လမ်းလျှောက်နေတုန်း ကျွန်တော့်နာမည် ခေါ်သံကြားတာမို့ လှည့်ကြည့်တော့ ယွန်းမီ..
" အော် ယွန်းမီ.. ဘယ်လာတာလဲ "
" စျေးဝယ်စရာ ရှိလို့.. စစ်သွေး ကရော "
" ကျွန်တော် လည်း လိုအပ်တာ လာဝယ်တာ.."
" အော်.. စစ်သွေး တစ်ယောက်ထဲလား အဖော်မပါဘူး လား "
" ဟုတ်တယ် ဒီနေ့တော့ ကျွန်တော် တစ်ယောက် ထဲပဲ လာလိုက်တာ.. "
" စစ်သွေး ကြည့်ရတာ ကျွန်မကို စကား မပြောချင်ဘူး ထင်တယ်.. "
" ဟာ.. မဟုတ်တာ "
ဟုတ်လည်း မတတ်နိုင်ဘူး.. ငြင်းတော့ငြင်းရမှာပေါ့ ။
" မဟုတ်တာတွေ လုပ်မနေပါနဲ့.. ကျွန်မ ကိုဆို ရှောင်နေသလိုပဲ "
အဲ့လောက်ထိ သိသာနေလို့လား.. ။
" ယွန်းမီ ထင်လို့ပါဗျာ.. "
" ယွန်းမီ အထင်က လွဲခဲတယ်နော်.. "
" ဟောဗျာ အတင်းကြီးကိုပဲ.. "
ဟုတ်လည်းဟုတ် မှန်လည်းမှန် နေတာမို့ ဘယ်လိုအတင်းကြီး ငြင်းထုတ်ရမှန်း မသိ.. ကိုယ်ကလည်း စကားပြောမကျွမ်းတာနဲ့တော့ ခက်ပြီ
" ကဲ ထားပါ.. အခုကစ မရှောင်နဲ့ပေါ့ ဟုတ်ပြီလား "
" ဟာဗျာ အတင်းကြီးကိုပဲ.. တကယ် မဟုတ်ပါဘူး ဗျာ "
" ရှိစေတော့.. စစ်သွေး လိုတာ ဝယ်ပြီးပြီလား "
" ဟုတ်ကဲ့ ဝယ်ပြီးသွားပြီ.. "
" ဒါဆိုလည်း တစ်ခုခုသွားစားရအောင်လေ.. ယွန်းမီ ဝယ်ကျွေးမယ် "
" ဟို.. "
" ကဲ ပြောတော့ ရှောင်တာ မဟုတ်ပါဘူးဆို.."
ချည်ပြီးရင်းချည် တုပ်ပြီးရင်းတုပ်ပါလား.. ။
" ရှောင်တာ တကယ်မဟုတ်ပါဘူးဗျာ.. "
" ဒါဆို လိုက်ခဲ့ပေးပါလား.. ယွန်းမီ တစ်ယောက် ထဲ သွားစားရမှာ နည်းနည်း "

YOU ARE READING
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...