Part (6)

1.2K 70 2
                                    

သူ

🌸pann

Part (6)

ဆယ်တန်း နှစ်စကျော်လောက်တုန်းက..

" ကျွီ.. "

" ဟင် ဘာဖြစ်လို့လဲ.. "

သူက စက်ဘီးကို ဘရိတ်အုပ်လိုက်တာမို့ နန်းမြတ် နောက်ထိုင်ခုံက ဆင်းပြီးမေးရသည်..။

သူက နန်းမြတ်မေးတာကို တန်းမဖြေဘဲ စက်ဘီးကနေ မဆင်းလာဘဲ နန်းမြတ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့ ရပ် နေရတာတောင် မလွတ်လပ်လာသလို ခံစားရသည်.. ။

" ဟင် ဘာဖြစ်လို့လဲလို့.. "

" နန်းမြတ် "

သူက စက်ဘီးခေါင်းကို လက်တစ်ဖက်က ကိုင်ထားရင်းက နေ နောက်လက်တစ်ဖက်က နန်းမြတ်လက်ကို ကိုင်လာသည်..

အရင်ကလည်း ဒီလိုလက်ပွန်းတသီး နေလာခဲ့တာ ဆိုပေမယ့် ဒီနေ့ကျမှ နန်းမြတ်ရဲ့ ခံစားချက် က ထူးဆန်းနေတာပါလေ.. ။

" ငါ့ကိုကြည့်.. "

ထူးဆန်းတဲ့ ရင်ခုန်သံကြောင့် နန်းမြတ် မျက်လုံးလေး အောက်ကိုငုံ့ကြည့်နေမိတာ..သူက သူ့ကိုကြည့်လို့ ပြောတာမို့ မော့ကြည့်လိုက်သည်.. ။

" ငါ့ကို တစ်ခု ကူညီ.. "

ဟွန့်.. အကူညီ တောင်းတာ ရိုးရိုးတောင်းပါလား ကောင်စုတ်ရဲ့ ။

အလကားနေ လာပြီး ဒီလူရဲ့ခံစားချက်ကို လာကစားနေရလား..

မကျေမနပ်လေး ပြစ်တင်ပြောဆိုတဲ့ စကားလေးကို စိတ်ထဲ တီးတိုးရွတ်မိသည် ။

" နန်းမြတ် ငါပြောနေတယ်လေ.. ငါ့ကို ကူညီပေးလို့ "

" ဘာကူညီရမလဲ ဆိုတာ ပြောမှ ငါက ကူညီသင့် မကူညီသင့် စဉ်းစားလို့ရမှာပေါ့.."

" အကျိုးကြောင်းကို မမေးဘဲ ငါ့ကို ကူညီပေးရမှာ.. "

ကြည့်.. အဲ့လိုကောင်ပါလေ ။

နန်းမြတ်ကိုဆို အဲ့လို အနိုင်ကျင့်တတ်တဲ့ အကျင့်ပုပ်တဲ့ ကောင်လေ..

" နင်ကူကိုကူညီရမှာ.. နန်းမြတ် "

" အာ့ဆိုလည်း ဘာလို့ငါ့ကို မေးနေသေးလဲ.."

သူ (Unicode)Where stories live. Discover now