သူ
🌸pann
Part (4)
သူ့ခြံထဲမှာ ရှင်းလင်းရေးလုပ်ပြီး ပြန်လာခဲ့လိုက်သည်.. ။
အပြန် ဟိုပုံးဆည် ဝင်ဦးမလား လို့သူမေးတာနဲ့ ခေါင်းငြိမ့်ပြလို့ သူကပြုံးပြီး ခေါင်းကို လက်သီးဆုပ်လေးနဲ့ ထုတော့ ရင်ထဲသိမ့်ခနဲ ဖြစ်ကာ ကြည်နူးရပြန်သည်..
နန်းမြတ် ရဲ့ ကောင်လေး ဖြစ်နေသည် ဆိုပေမယ့်လည်း သူ့အပေါ်ထားတဲ့ နန်းမြတ်နှလုံးသားကတော့ အခုထိ လတ်ဆတ်နေတုန်း .. သူ့အပြုမူလေးတိုင်း ရင်ခုန်သည် သူ့အပြုံးလေး မြင်ရတိုင်း သဘောကျနှစ်သက်ဆဲ.. ။
" ဟေ့ ဘုတ်စုံမ..ငမ်းလှချည်လား "
သူက ကားမောင်းနေရင်း နန်းမြတ်ရဲ့ခေါင်းကဆံပင်လေးကို ဖွတော့ ရယ်မိသည်.. နန်းမြတ်ကလည်း သူ့ကိုမေးလေးထောက်ပြီး ငေးကြည့်နေမိတာကိုး.. ။
" နင်က ငါ့ကို မအော်မငေါက်နေရင် အရမ်းကို ကြည့်ကောင်းနေတာပဲလို့ ..တွေးမိလို့ ဟိဟိ "
" ဟားဟား.. ဘုတ်စုံမ မြူ ဆံရောင်းဖို့ စဉ်းစားနေတာလား "
" ရှင်းရှင်းပါ အဆစ်ရောင်းချင်လို့..ဝယ်ပေးပါလား "
" ဘယ်လိုလုပ်မလဲ.. နင်က လျှော့စျေးပေး ဒစ်စကောက်ချ ရောင်းပေးပါမယ် ဆိုရင်တောင် ငါက စဉ်းစားရဦးမှာ "
" ခွေးကောင် ကောင်စုတ်..ဘုတ် ဘုတ် "
" ဟားဟား "
နန်းမြတ် စိတ်တိုတိုနဲ့ သူ့လက်မောင်းကို ရိုက်နေပေမယ့် သူကတော့ ပန်းနဲ့ပေါက်ခံရသလို တပျော်ပျော် တပါးပါးဖြစ်နေတာ.. ။
စိတ်တိုဖို့ ကောင်းလိုက်တာ..
" ရောက်ပြီ.. စူပုတ်မနေနဲ့တော့ ဆင်းမယ် "
" နင့်နင် သွားပါလား..ဘာလို့ငါ့ကို လာခေါ်နေသေးလဲ "
" နင်သွားချင်တယ်ဆိုလို့ ငါလိုက်ပို့ပေးတာလေ.. ငါ့ဟာငါဆို ဒီကိုလာနေမှာ မဟုတ်ဘူး ဆင်းမလား မဆင်းဘူးလား "
" ဆင်းမယ် ဆင်းမယ် "
ဆောင့်အောင့်အော်ပြီး ဆင်းကာ ကားတံခါးကိုလည်း ဆောင့်ပိတ်လိုက်သည်.. ။
YOU ARE READING
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...