Part (5)

1.4K 72 0
                                    

သူ

🌸pann

Part (5)

ဒုန်း..

" ကျွတ်.. ဒီအိတ်က တစ်မှောင့် "

ခုံစောင်းနားလေးမှာ ချိတ်ကပ်နေတဲ့ အိတ်ကို နန်းမြတ် ဆောင့်ဆွဲယူလိုက်သည်.. ။

စိတ်ကမကြည်လာပါဘူးဆိုနေ ဒီအိတ်က တမှောင့်..

" ကဲ.. မရွှေချော ဘာဖြစ်လာပြန်တာလဲ "

" ဘာဖြစ်ရမှာလဲ ဟိုကောင်ပဲပေါ့.. "

" ဟဲ့ ငါ့နောက်မှာ အတင်းပြောမယ် မကြံနဲ့.. နင့်နောက်မှာ ငါအမြဲတမ်းရှိနေတယ် သဘောပေါက် "

နန်းမြတ်ရဲ့ ရှေ့ခုံမှာ ဝင်ထိုင်ပြီး ပြောလိုက်တဲ့ စစ်သွေး..

အခုတော့ ခဏတဖြုတ် ထိုင်လို့ရပါသေးတယ်လေ.. အတန်းချိန်က လိုသေးတယ်လေ ။

နန်းမြတ်တို့အခန်းက ခုံတန်းသုံးတန်း ရှိသည်..နှစ်တန်းက မိန်းကလေး တွေပဲ စုထိုင်တာ ကျန်တစ်တန်းက ယောကျာ်းလေးတွေ ထိုင်တာ။

" အဲ့တော့ ငါက ဘာလုပ်ရမှာလဲ.. ရှေ့မှာနေနေ နောက်မှာနေနေ နင့်အပူပါလား "

သူ့ကို အမြင်မကြည်ပါဘူးဆိုနေမှ စကားဝိုင်းထဲ သူက ကန့်လန့်ပါလာပြန်ပြီ.. ။

" လေသံပြင်နော်.. ဒီပွဲမှာ နင်စမှားတာလား ငါကစ မှားတာလား သေချာစဉ်းစားနော် "

" မှားတာမှ မဟုတ်တာ.. မေ့ခဲ့တာ ဟဲ့ "

" ဟဲ့ဟဲ့.. ဖြေးဖြေးပြောစမ်းပါ ဘာလို့အော်ကြီးဟစ်ကျယ် ပြောနေရတာလဲ ဒီကိစ္စ နင်တို့နှစ်ကောင်ရော သိလား "

ကေဇင် မတားလို့ မရ.. နန်းမြတ်အသံက ကျယ်လာပြီ မဟုတ်လား ။

အပေါ်ထပ်မှာက ဋ္ဌာနမှူ း ပါမောက္ခအခန်းလေ.. ကြားများကြားသွားရင် လာအော်ငေါက်မှာ အသေချာ ။

အခုချိန်က အတန်းသားတွေမရောက်သေးဘူး ဆိုပေမယ့် ဋ္ဌာနမှူ းကတော့ အစောကြီး ရောက်နှင့်နေတာလေ.. ဒီတော့ အခုကတည်းက ဟိုးထား လုပ်ထားရမည် ။

" နှစ်ကောင်ဆိုပဲ.. စကားပြင်နော် ပွဲလန့်တုန်းဖျာခင်းမယ် မကြံနဲ့ "

သူ (Unicode)Onde histórias criam vida. Descubra agora