သူ
🌸pann
Part (9)
" နန်းမြတ်.. "
ဘာမှပြန်စကား မပြောဘဲ အိမ်ကနေခေါင်းငိုက်စိုက် ပြန်နေတဲ့ နန်းမြတ်ကို ကြည့်ပြီး ကျွန်တော် မနေနိုင်တော့တာနဲ့ လှမ်းအော်ခေါ်ပြီး သူ့အနား ပြေးသွားလိုက်သည်.. ။
သူကတော့ ကျွန်တော့်အသံမကြားဘူး ထင်ပါရဲ့.. အော်ခေါ်နေတာတောင် သူက ခေါင်းငိုက်စိုက် နဲ့ အာရုံတွေ လွင့်နေတာလေ..
နန်းမြတ် ကြာရင်နင့်ကြောင့် ငါရူးတော့မယ် သိရဲ့လား.. ။
" နန်းမြတ်သီရိ "
နာမည်ဆောင့်အော်ခေါ်ရင်း သူ့လက်ကိုပါဆွဲပြီး ကျွန်တော့်ဘက် လှည့်လိုက်တော့မှ နန်းမြတ်အကြည့်က ကျွန်တော့်ဆီ ရောက်တော့သည်.. ။
" ငါခေါ်နေတာ မကြားဘူးလား.. "
" ဟင်.. ဘယ်တုန်းကလဲ "
ကျွတ်..
စစ်သွေး စိတ်ထဲကနေ ကျွတ်တစ်ချက် သပ်မိသည်.. ။
အဲ့လို အာရုံလွင့်တတ်တာ ငါမကြိုက်ဘူး.. တစ်ခုခု ဆို အာရုံလွင့်မနေစမ်းပါနဲ့ ။
" သူနဲ့ငါ ဘာမှမဟုတ်ဘူး.. "
" ဟမ်.. "
စစ်သွေး ဘာပြောနေတာလဲ.. ဘယ်သူနဲ့သူက ဘာမှမဟုတ်တာလဲ ဘယ်သူ့ကိုဆိုလို ချင်တာလဲ.. ။
မျက်လုံး ပေကလပ် ပေကလပ် လုပ်နေတဲ့ နန်းမြတ် အဲ့လောက် နုံရ အ ရ လားဆိုပြီး နဖူးကို လက်သီးဆုပ်လေးနဲ့သာ ထုပစ်လိုက်ချင်သည်..
" ယွန်းမီနဲ့ငါ ဘာမှမဟုတ်ဘူး.. ဒီလိုပဲ အကိုတစ်ယောက်ကြောင့် မထင်မှတ်ဘဲ မတော်တဆ ရင်းနှီးသွားတာ သူနဲ့ငါ ဘာမှမဆိုင်ဘူး.. "
ဒီတစ်ခါတော့ နန်းမြတ်မျက်လုံး ပြူ းကျယ်သွားရပြီ.. ။
သူရှင်းပြတယ်ပေါ့..
မယုံနိုင်ဘူး.. သူရှင်းပြလိမ့်မယ်လို့ ။
" ဟေ့ နန်းမြတ်.. ငါပြောတာ ကြားလား "
အခုထိ ကြောင်တောင်တောင်လေး ရပ်နေတဲ့ နန်းမြတ်ကြောင့် သူမလက်ကို ကိုင်ထားရာကနေ လှုပ်ပြီး မေးရသည်.. ။
BINABASA MO ANG
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...