Found you in the Sea

1.3K 111 6
                                    

[Unicode]

_ပင်လယ်​ရေကဒီလောက်​အေးစက်မှန်း ​စော​စောထဲကသာသိခဲ့ရင် အလဟသတ်မဆင်းခဲ့ပါဘူး..
မျက်စိ​ရှေ့က​မှောင်မိုက်​နေတဲ့အရာ​တွေက ငါး​လား အမှိုက်တွေလား ဝိုးတိုးဝါးတား..
နားထဲကိုလဲ​ရေ​တွေဝင်ကုန်ပြီထင်ပါတယ်..​နောက်ဆုံးအချိန်​လေးမှာ​တောင် ဘာအသံမှမကြားနိုင်​တော့ဘူး..
လက်​တွေ​ခြေ​တွေနဲ့ ​လေးလံလာတဲ့ခန္ဓါကိုယ်ကပင်လယ်ကြမ်းပြင်နဲ့တဖြည်းဖြည်းနီးကပ်လာတာမို့
အရင်ကဘယ်​လောက်ပဲ​လေ့ကျင့်ခန်း​တွေလုပ်ခဲ့လုပ်ခဲ့ ​ရေထဲမှာ​တော့အကုန်အချည်းနှီးပဲဆိုတာ အခုချိန်မှသိရ​လောက်​အောင် ဦး​နှောက်ကတုံးလွန်းပါတယ်..
မျက်လုံးကိုလဲမဖွင့်နိုင်​တော့ဘူး..​
အေးတယ် အရမ်း​အေးတယ်..ဒီလိုအချိန်မှာ​တောင် ကမ်း​ပေးမယ့်လက်တစ်စုံကိုမမြင်နိုင်​တော့တဲ့အထိ
အရင်ဘဝကအပြစ်​တွေများလွန်းတာလား..
​အေးတယ် အရမ်း​အေးတာမို့ အသက်​ဆက်မအောင့်ထားနိုင်​တော့တာမို့..ငါ့ကို..တစ်​ယောက်​ယောက်လာကယ်​ပေးပါလား..__

တစ်ဖြည်းဖြည်းနစ်မြုပ်လာတဲ့​ကောင်​လေးက အရမ်းကိုသနားဖို့​ကောင်းလွန်းတယ်..လက်တစ်ဖက်ကို​မျှော်လင့်ချက်အပြည့်နဲ့အ​ပေါ်ကို​မြှောက်ထား​ပေမယ့် ဆုတ်ကိုင်​ပေးမယ့်လူမရှိဘူး..
ဒါ​ပေမယ့် မြင်​နေရတဲ့​နောက်ဆုံး​နေအလင်း​ရောင်ကို​ဖောက်ထွင်းပြီး ပူစီ​ပေါင်း​လေး​တွေပလုံစီ​နေတဲ့ကြားထဲက​နေ တစ်စုံတစ်ခုက သူ့ဆီကိုကူးခတ်လာတာကို မှိတ်လုနီးပါးဖြစ်​နေတဲ့မျက်လုံး​​တွေက​နေမြင်လိုက်ရတယ်..

_ဟမ်..အဲ့ဒါဘာလဲ ငါ့ကိုစားဖို့လာတဲ့ငါးထင်တယ်..
မဟုတ်ဘူးလား ​ရေသူမလား..
​အယ် နွေး​ထွေးလိုက်တာ..​အေးစိမ့်​နေတဲ့​ရေနက်နက်ထဲမှာ​တောင် ဒီဘာမှန်းမသိတဲ့အရာရဲ့​ပွေ့ဖက်ခြင်းကိုခံစားလိုက်ရတာက အရမ်းကို​နွေး​ထွေးတာပဲ.._

_______
ပြတင်း​ပေါက်ကိုဖြတ်ပြီးတိုက်ခတ်​နေတဲ့ ပင်လယ်​လေက အပြာနု​ရောင်လိုက်ကာပါးပါးကိုတဖြတ်ဖြတ်
လွင့်​နေ​စေတယ်..လူနာကုတင်​ဘေးက ထိုင်သူမရှိတဲ့ခုံ​လေး​ပေါ်မှာ​တော့ အထီးကျန်​နေတဲ့ တစ်ပွင့်တည်း​​သော​နေကြာပွင့်​လေးကနွမ်း​နေရှာပြီ..အဖြူစွတ်စွတ်နံရံ​တွေကြားထဲက ​လေထုကဆေးနံ့​တွေနဲ့​​ရောယှက်​နေတာမို့ မနှစ်မြို့ချင်စရာ​ကောင်း​ပေမယ့် ကုတင်​ပေါ်က ​
ကောင်​လေးက​​တော့ ​အေး​အေးချမ်းချမ်းကိုအိပ်​ပျော်​နေတယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now