နိဒါန်း

1.1K 39 0
                                    

သီသီသည် သီထွဋ်၏ တစ်ဦးတည်းသော အစ်မဖြစ်သလို တစ်ယောက်တည်းသာရှိသော မွေးချင်းဖြစ်လေသည်။ အမေဖြစ်သူ မရှိတော့သည့်အချိန်မှစ၍ အစ်မဖြစ်သူသည် အမေလိုတစ်ခါ အဖေလိုတစ်လှည့်ဖြင့် ပြုစုစောင့်ရှောက်ကာ အလိုလိုက်လေသည်။
နှစ်ယောက်မရှိနိုင်သော မောင်လေးဖြစ်သည်ကြောင့်လည်း ပါမည်ထင်၏ ။ သီထွဋ် တို့ မောင်နှမနှစ်ဦးတွင် နန့်တန့်တန့် ဖြင့် လက်ကြောမတင်းသည့် မိထွေးတစ်ယောက်လည်းရှိသေးသည်။ အဖေဖြစ်သူမှာလည်း ထိုမိန်းမ၏ မာယာကွန်ညွှန့်အောက်၌ ဝပ်တွားခယနေရသည်မို့ သီထွဋ်တို့မောင်နှမအား ဂရုမစိုက်နိုင်ချေ။ သို့ပေသိ မိထွေး၏ နှိပ်စက်မှု ဒဏ်ကိုကား သီထွဋ်တို့ မောင်နှမနှစ်ဦးမှာ မခံစားခဲ့ရချေ။ ထိုမိန်းမ အိမ်ပေါ်တက်လာသည့် နေ့မှစ၍ အဖေ့၏ အမေ သီထွဋ်တို့၏ အဖွားဖြစ်သူသည် အဖေ့ကို အမွေပေးကာ မြေးနှစ်ယောက်ကို တင်ခေါ်ကြွေးထားခဲ့သည်။ အဖွား၏ အရှိန်အဝါအောက်တွင် သီထွဋ် တို့ နည်းနည်းလေးမျှတောင် မျက်နှာမငယ်ခဲ့ရပေ။ ထိုနည်းတူစွာဖြင့် သီထွဋ်တို့၏ ဖခင်ရင်းကို မတွေ့မြင်ရသည်မှာ ၄နှစ်တာမျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဖေ..(သို့) အဖဦးထွန်းသီနိုင်သည် သူ့၏ သွေးရင်းချင်းချာကလေးနှစ်ယောက်အား စွန့်လွှတ်လိုက်သည်လား မပြောတတ်တော့ချေ။

သီထွဋ်သည်လည်း မိဘနှစ်ပါးမရှိ၍သော်လည်းကောင်း၊ အလိုက်မသိသော ဖခင်ကြောင့်ရယ်လည်းကောင်း ၊ဘဝကြီးကိုစိတ်နာ၍သော်လည်းကောင်း ၊ တစ်ချို့သူများလို ပေတေဆိုးသွမ်းကာ အကျင့်မပျက်ပေ။ သီထွဋ်တွင် ချစ်ရသည့်လူသားနှစ်ယောက်ရှိနေသေးသည်။ ထိုလူသားနှစ်ယောက် သူ့အတွက် စိတ်မဆင်းရဲစေရဖို့အတွက် သူသည် အလိုအလျောက်အလိုက်သိတတ်သည်ဟု ဆိုချင်သည်။

ဘဝတွင် ဖြစ်ချင်တာတွေများများစားစားမရှိချေ။ ကိုယ်ချစ်ခင်ရသူတွေနဲ့ သေဆုံးသည်တိုင်အောင် ပျော်ရွှင်စွာ နေထိုင်သွားချင်သည့် ဆန္ဒ တစ်ခုသာရှိလေသည်။ ရိုးရှင်းလှသော ဆန္ဒ ငယ်လေးတစ်ခုမျှသာဖြစ်လေသော်လည်း ထိုသေးငယ်သော အရာလေးကိုပင် ဖြည့်ဆည်းပေးခံရဖို့ ပါရမီမပါခဲ့ဘူးထင်ပါရဲ့။
သို့သော်ငြား ဘဝ၏ လောကဓံအချို့ကို ခံစားခဲ့ရပြီးသော်လည်း သီထွဋ်သည် စိတ်ဒဏ်ရာ အချို့အလေကိုတောင်မခံစားခဲ့ရချေ။
အဘွားနှင့် မမသီတို့၏ ကျေးဇူးတွေဟာဖြင့် ကြီးမားလှပေသည်။

ကွက်လပ်Where stories live. Discover now