အခန်း ၂၅ ပထမဆုံး

351 26 0
                                    

Unicode

လက်ချင်းယှက်တွဲပြီး နှစ်ယောက် တစ်ကမ္ဘာ တည်ကာ လျှောက်နေကြသူ နှစ်ဦးကို ကြည့်ပြီး သုတ မကျေမနပ်ခံစားနေရသည် ။

" ငါ မခေါ်လာသင့်ဘူး အိမ်မှာပဲ ထားခဲ့သင့်တယ် အခုတော့ အပယ်ခံ ဖြစ်နေပြီ "

နောက်တော့ ရှေ့က နှစ်ယောက်ကို ကြည့်မရတော့၍ ကျော်တက်လိုက်သည် ။

" သွားနှင့်မယ် ရွာထဲဝင်ရင်တော့ သတိလေး ဘာလေးလည်း ကပ်ကြဦး "

သုတက ရှေ့မှာပိတ်ရပ်ပြီး သတိပေးလိုက်တော့ နှစ်ယောက်သားက ပြိုင်တူ ခေါင်းငြိမ့်လာကြသည် ။
သုတတစ်ယောက် နှာမှုတ်ကာ ခြေလှမ်းကြဲများဖြင့် ထွက်သွားတော့သည် ။

" ဟွန့်... "

" ကိုသုတက ဘာလို့ စိတ်ဆိုးသွားတာလဲ "

" ကိုယ်လည်း မသိဘူးလေ "

ထို့နောက်တွင်တော့ သုတ ဘာလို့ စိတ်ဆိုးသွားသည်ကို မဆွေးနွေးကြတော့ပဲ ပြုံးလိုက်ကြသည် ။

စံမင်းက ကောင်လေးပါးတစ်ဖက်ကို နှာခေါင်းများ နစ်ဝင်သည်ထိအောင် ထိကပ် နမ်းရှိုက်လိုက်သည် ။ ကော့တက်လာသော နှုတ်ခမ်းလေးများကိုတော့ ညကျမှ အပိုင်သိမ်းတော့မည်ဟု
တွေးထားလိုက်သည် ။

" ညောင်းနေရင် ပြော ကိုယ် ပိုးပေးသွားမယ် "

" မညောင်းပါဘူး သွားရအောင် "

လမ်းတွင်မြင်သမျှ တောပင်များကို လက်ညှိုးထိုးကာ ဘာအပင်တွေလဲဟု မေးမြန်းသမျှကို ပြန်ဖြေပေးနေရသည်ကလည်း သူ့ကို အပျော်တွေ ထပ်တိုးလာစေသည်   ။ တစ်နေရာရောက်တော့ တစ်စုံတစ်ခုကို မြင်သွားသည်ထင် လက်ကိုဆွဲပြီး အပင်နားကပ်သွားတော့သည် ။

" ဒါက ဘာအပင်လဲ ဟော ဒီမှာ ဒီမှာ ဒီ အသီးလေးတွေက စားလို့ရလား ရွာထဲက ကလေးလေးတွေ စားတာတော့ တွေ့ဖူးတယ် "

" ဒီမှာတော့ ချိုချဥ်သီးလို့ ခေါ်တယ် ၊အစိမ်းတွေပဲရှိသေးတာ မှည့်ရင် ကိုယ် ခူးကျွေးမယ်လေ "

" ချိုခဥ်သီးတဲ့လား ၊ ချိုချိုချဥ်ချဥ် အရသာပေါ့ "

" ဟုတ်တယ် ချိုချိုခဥ်ခဥ်အရသာ "

ကွက်လပ်Where stories live. Discover now