အခန်း ၆ အလိုမကျခြင်း

403 36 0
                                    

< Unicode >

လူရွှင်တော်တွေ ပြက်လုံးပြက်သမျှကို သဘောတကျ လက်ခုပ်တီးကာဖြင့် အများနည်းတူ သဘောတကျ ရယ်ရွှင်၏ ။ အငြိမ့်မင်းသမီးလေး ဆိုကသမျှကိုလည်း စိတ်ရောကိုယ်ပါ လက်ခုပ်တဖြောင်းဖြောင်းတီးကာ အားပေး၏ ။ ထိုကောင်လေး၏ မျက်နှာ၌ ပီတိတို့ဖြင့် ဖုံးလွှမ်းနေသည်မှာ ရှုမိသူအပေါင်းကို မဂ်လာအပေါင်း ခညောင်းစေနိုင်သည် ။ ထိုသို့မျက်နှာရွှင်ကာ ပြုံးရယ်နေသူကို ကြည့်ကာ စိတ်မပျော်နိုင်သူက စံသုတပင်ဖြစ်သည်။
မနက်က အဖြစ်အပျက်ကြောင့် မိသားစုတစ်ခုလုံး၏ အပြစ်တင်စကားဆိုခြင်းကို ခံရသော်ငြား သုတ၏ စိတ်တွင်း၌ စိတ်ဆိုးခြင်း အလျဥ်း မဖြစ်ပေါ်မိ ၊ ထိုအစား မိမိကိုယ်ကို အပြစ်တင်ခြင်းများကသာ အပြည့်အဝနေရာယူထားသည်မှာ သူမဟုတ်သည့်အတိုင်း ။ သုတသည်
ခင်လေးနှင့် ပတ်သက်ရင် သွေးဆိုးတတ်သလို မထင်ရင်မထင်တတ်သလို
ကိုယ်ထိလက်ရောက်ဆုံးမတတ်သေးသည်ဖြစ်ရာ တစ်ရွာလုံးက ခင်လေးကို ခပ်ခွာခွာနေကြသည်အထိပင် ။ထိုကိစ္စသည်ကား အထူးဆန်းမဟုတ်တော့သလို ထူးဆန်းနေသည်ကား သူ့စိတ်ပင် ဖြစ်တော့သည် ။ ခင်လေးနဲ့ပတ်သက်၍ မည့်သည့်အခါတွင်မှ နောင်တမရဘူးသော သူ့စိတ်တွင်း၌ ထိုကောင်လေးအတွက် နောင်တအချို့ဖြစ်တည်၏ ။ ထိုပြုံးရွှင်ရွှင်မျက်နှာကို ဆက်၍ မကြည့်နိုင်လောက်အောင်ပင် သုတ၏ စိတ်တို့သည် နောက်ကျိရှုပ်ထွေးလာကုန်တော့သည် ။

" ကိုလေးသုတ ဘာဖြစ်နေတာလဲ "

သက်ပြင်းတချချဖြင့် အစ်ကိုလေးသီထွဋ်ရှိရာဆီသို့ ဦးတလှည့်လှည့် ရှိနေသော ကိုလေးကို မောင်ပု စိတ်မရှည်တော့၍ မေးလိုက်ရာ သူပြန်ရသည့်
အဖြေကား စိတ်မကြည်သည့်အဖြေပင် ။

" ဘာမဖြစ်ဘူး "

" ဘာမဖြစ်ရင် ဘာလို့ သက်ပြင်းတွေချနေတာလဲဗျာ ဘာလဲ ဟိုမြို့က အစ်ကိုလေးကို အားနာနေတာလား ဒါဆိုလည်း တောင်းပန်လိုက်လေဗျာ သူ့ကိုကြည့်ပြီး သက်ပြင်းချမနေနဲ့ "

အရှိုက်ကို ထိသောစကားကြောင့် သုတသည် မောင်ပုကို ခပ်မာမာကြည့်ပေးလိုက်သည် ။ မောင်ပုဆိုသည်ကား
သုတကို ကြောက်ရွံသလိုလိုရှိသော်ငြား ခန့်တော့မခန့်ပေ ။ မျက်လုံးလေးပင့်ကာဖြင့် သူ့အဖော်တွေရှိရာဆီသို့ သုတ်ခြေတင်တော့သည်။ သုတသည်လည်း စိတ်မပါသော ထိုပွဲ၌ ဆက်မနေချင်တော့သဖြင့် ခင်လေးရှိရာဆီသို့သာ ဦးတည်လိုက်တော့သည်။ ချစ်ရသူကို မြင်ရရင်ဖြင့် ရင်ထဲက အမောတွေပြေပျောက်ရချည်သေးရဲ့ ။

ကွက်လပ်Where stories live. Discover now