< Unicode >
" သုတ "
" ဟုတ် ကိုကို "
" မင်းမှားလား မှန်လား "
သုတသည် ထိုကောင်လေးအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုနောက်သက်ပြင်းချကာ
" ကျွန်တော် မှားပါတယ် "
" မှားမှန်းသိရင် ဘာလုပ်ရမလဲ သိမှာပေါ့ "
သုတသည် အစ်ကိုဖြစ်သူအား အလန့်တကြားကြည့်မိလိုက်သည်။ သူ့အစ်ကိုက လူတွေရှေ့မှာ သူ့ကို ဒူးထောက်စေချင်တာလား ။
သီထွဋ်သည် အခြေအနေကို ကြည့်ကာ မောင်ပုပြောပြဖူးသည့် ဤရွာ၏ ဓလေ့နှင့် အကြောင်းအရာအချို့အား သတိရလိုက်မိသည်။ အင်းလေ..ယောကျ်ားတစ်ယောက်က အများရှေ့ကြီးမှာ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်ပါ့မလဲ။
" အာ..ရတယ်ရတယ် မလိုဘူး မလိုဘူး ပြီးသွားပြီပဲ ကျွန်တော်အဆင်ပြေတယ် "
သီထွဋ်စကားကြောင့် ညီအစ်ကို နှစ်ယောက်လုံး က ကြည့်လာ၏ ။
" ဘာကို အဆင်ပြေတာလဲ "
ဘယ်လို ပြန်ဖြေရမည်ကို သီထွဋ် မသိပေ ။
" ဟို..ကျွန်တော် ဗိုက်ဆာပြီဗျ မနက်ကတည်းကစ ဘာမှ မစားရသေးဘူး ဒီကောင်လေးကလည်း ကျွန်တော့်ကို
ဘာမှ မကျွေးဘူးလေ စားမလားတောင်မမေးဘူး အဲ့တာ.."စကားကို ဆုံးအောင်မပြောပဲ ခေါင်းလေးငြိမ့်နေသူကြောင့် ထွက်နေသော ဒေါသက ပြေလျော့သွားသည် ။
" ဒါဆို ကိုယ်နဲ့လိုက်ခဲ့ မောင်ပု မင်းတော်တော် အသုံးမကျဘူး "
" အဟဲ ခေါင်းမင်းကလည်း ကျွန်တော်လည်း မေ့နေတာဗျ "
" မင်းစားဖို့တော့ မမေ့ဘူးမို့လား "
" ဟဲဟဲ... "
" လာလာ သွားမယ် ဆာနေရော့မယ် "
အနောက်ကို တစ်ချက်လေးတောင်မကြည့်သွားသူ၏ နောက်ကျောကိုကြည့်ကာ သုတတစ်ယောက် ဘယ်နှစ်ခေါက်ရှိပြီမှန်းမသိသော သက်ပြင်းတစ်ခုကိုချလိုက်မိသည်။
...
" နှုတ်ခမ်းက အရမ်းနာနေလား ၊ ပါးရော "