< Unicode >
ကွက်လပ်
××××××××××××××××××××××××××××
ကားစီးလာသည်မှာ ၅ နာရီမျှ ကြာမြင့်နေပြီဖြစ်သည်။ မမတာဝန်ကျရာ ရွာငယ်လေးကိုကား မရောက်နိုင်သေးပေ။ မမသည်ကား အသက်ပေါင်းများစွာ ကယ်ပေးနေသော ဆရာဝန်မလေးဖြစ်သည်။ သီထွဋ်ထက် ငါးနှစ်မျှကြီးပြီး ကြာဖူးပုံ မျက်လုံးဝိုင်းလေးတွေနဲ့ ပြီးပြည့်စုံသည့် မိန်းကလေးဟုဆိုချင်သည်။
မမသည်ထိုသို့ပင် ရွာငယ်လေးများဆီသို့ တာဝန်ကျတိုင်း မညီးမညူ ကွင်းဆင်းကုသပေးနေကြဖြစ်သည်။ ယခုတစ်ခေါက်တွင်တော့ ကျောင်းပြီးသွားပြီဖြစ်သော သီထွဋ်သည် အလည်အပတ်အနေနဲ့ လိုက်လာခဲ့ခြင်းဖြစ်ပေသည်။
" ဒီရွာကျော်ရင်ရောက်ပြီ.. ငါ့မောင် ညောင်းနေရင် မမမောင်းကူရမလား "
" နေပါဗျာ "
" အေး..အေး ဒါနဲ့ ဖွားတစ်ယောက်ထဲ အဆင်မှပြေပါ့မလား "
" နှင်းအိနှင့် အန်တီချို ရှိနေတာပဲ မမရာ တစ်ခုခုဆို အကြောင်းကြားမှာပါ "
" အင်း..ဖွားလည်း အသက်ကြီးပြီ သူ့မြေးတွေနား နေချင်ရှာမှာ "
" ဒါပေါ့ ဒါပေါ့ ..ဒါကြောင့် မမလည်း ခြေငြိမ်အောင် ကိုအောင်နှင့် မြန်မြန်အကြောင်းပါတော့ "
" ကောင်စုတ်လေး ဘယ်က ကိုအောင်က ပါလာရပြန်တာလဲ "
" ဟဲ..မမ ဒီလို လုပ်နေရင် ကျန်နေခဲ့မယ်နော် "
" တော်..တော် တကယ်ပဲ အစ်မလေးတစ်ယောက်ရှိတာကို သူများဆီ အတင်းပေးချင်နေတယ် "
" ဟား.. ဟား ..ကိုအောင်က လူကောင်းမို့ပါဗျာ လူရိုးကြီးဆိုတော့ သူများဆီ ပါသွားမှာစိုးလို့ "
အစ်မဖြစ်သူ သီသီမှာ မည်သည်မှ ခွန်းတုံ့မပြန်တော့ပဲ ပြုံးလျက်သာ ကားပြင်ဘက်သို့ ကြည့်လျက် လိုက်ပါလာခဲ့လေသည်။
အဘွားဖြစ်သူကို စိတ်မချဖြစ်နေသော
အစ်မဖြစ်သူကိုကြည့်ကာ စိတ်ပြေလိုပြေငြား စမိခြင်းဖြစ်ကာ ပီတိတွေနှင့် ရွှင်နေသည့် မျက်နှာလေးကို ကြည့်ခြင်းအားဖြင့် ကိုအောင်ကို အမှန်ပင် ချစ်မြတ်နိုးပုံရလေသည်။