< Unicode >
တစ်နေ့လုံးနီးပါး ဟိုဟာလေးလုပ်ခိုင်းလိုက် ၊ ဒီဟာလေး လုပ်ပေးလိုက်ရဖြင့် စံမင်းတစ်ယောက် ယခင်နေ့များကထက် ပိုပင်ပန်းနေသလိုပင်။
အကြောင်းပြချက်ကတော့ တစ်ခုတည်းမျှသာ.. နှစ်ယောက်မရှိနိုင်သော ညီလေး သုတကြောင့်ပင်ဖြစ်သည်။
ညီတစ်ယောက်ရှိရခြင်း၏ အကျိုးကျေးဇူးကို စံမင်းတစ်ယောက် ကောင်းကောင်းကြီးခံစားနေရလေသည်။" အစ်ကို စံမင်း ကျွန်တော် ရေချိုးသွားတော့မလို့ ၊ အစ်ကိုစံမင်းရော မချိုးသေးဘူးလား "
ပုဆိုးတစ်ထည်ကို ပုခုံးပေါ်တင်၍ ရေသွားချိုးရန် ဆိုနေပြန်သည်။ ဘေးနားတွင်တော့ မောင်ပုကတော့ ခေါင်းကို မြေကြီးထဲ စိုက်ဝင်တော့မလို ငုံ့ကာနေသည်။
" ဘယ်သွားချိုးမှာလဲ အိမ်မှာ ရေဆွဲပေးထားတယ်လေ "
" အာ.. အားနာစရာကြီး ကျွန်တော် ချောင်းထဲပဲ သွားချိုး.."
" မချိုးရဘူး.. မင်းတစ်ယောက်တွက် ပိုဆွဲပေးရတာ ဘာမှ မပင်ပန်းဘူး "
" ဒါပေမဲ့.."
" ဆက်ပြောနေရင် မနက်က ကိစ္စ ကို မင်းအစ်မကို ပြောပြလိုက်ရမလား စုပုံချစ် ဆရာမလေးနဲ့အတူရှိနေလား "
ချက်ချင်းပင် အစ်မဖြစ်သူကို လှမ်းမေးနေသူကြောင့် သီထွဋ်မှာ အမြန်တားရပြန်သည်။ ကိုယ့်အတွက်နဲ့ အစ်မဖြစ်သူကို စိတ်မဆင်းရဲစေချင်ပါ။ ဒီအိမ်တွင် တစ်နှစ်လောက် ရှိနေရဦးမည့်အတူတူ စိတ်ရှုပ်စရာအကြောင်းအရာတွေကို ပေးမသိတာ အကောင်းဆုံးပင်ဖြစ်သည်။
" ချိုးမယ်..အိမ်မှာချိုးမယ်လို့
ခင်များအတော် အကျင့်မကောင်းတာပဲ "အစ်မ ဖြစ်သူနဲ့ ချုပ်လိုက်တော့
မျက်ခုံးတန်းလေးတွေ တွန့်ချိုးကာ အလိုမကျစွာဖြင့် ရေချိုးဖို့ စဥ့်အိုးဆီသို့ သွားလေတော့သည်။
မနေ့ ကတည်းကစ အိမ်မှာချိုးဖို့သေချာ မှာခဲ့တာကို ချောင်းထဲသွားချိုးဖြစ်အောင် ချိုးနှင့်သေးသည်။ တရားခံကတော့ မောင်ပုပင်ဖြစ်သည်။" မောင်ပု မင်းက ဘာလိုက်လုပ်မလို့လဲ ပြောစရာရှိတယ် လာ ထိုင် "