အခန်း ၈ အလှူ ၂

385 36 1
                                    

<Unicode >

" သီထွဋ် ဟင်းမစားဘူးလား "

အသားဟင်းခွက်ကို လက်မလှမ်းသော သီထွဋ်ကြောင့် စံမင်း မေးမိသည်။

" ကျွန်တော် ငါးပဲ စားတယ်ဗျ ၊ ဒါတောင် အနံ့ထွက်ရင် မစားဘူး "

အစားမပျက်ပင် ပြန်ဖြေကာ ထမင်းကို အားရပါးရလွေးနေလေသည် ။
ထိုကောင်လေးသည် အစားကို အားပါးတရစားသော်ငြား တစ်ပန်းကန်ထက် ပိုမစားသည်ကို စံမင်း သတိထားမိသည် ။ တစ်ပန်းကန် ကုန်သည်နဲ့ ကောင်ငယ်လေးသည် စံမင်းအားကြည့်လာသည် ။ ဝပြီဆိုသည့်သဘောသက်ရောက်သည့် မျက်နှာလေးကို ကြည့်ကာ စံမင်းသည်လည်း မြန်မြန်လက်စသတ်ရတော့သည်။ အတူလက်စုံစားသူတွေမပြီးမချင်း ထိုင်စောင့်ပေးနေတတ်တာကလည်း ထိုကောင်လေး၏ အကျင့်ဖြစ်ပုံရသည်။

" ဟင် ဝပြီလား "

" အင်း "

" ဝရော ဝရဲ့လား "

အစ်ကိုစံမင်းသည် အညာသားဖြစ်၍
ထမင်းကို အနည်းဆုံး နှစ်ပန်းကန်လောက်စားနိုင်သည်ကို သူသတိထားမိသော်လည်း အခုတော့ဖြင့် တစ်ပန်းကန်သာ စားပြီး ဝပြီဆိုနေသဖြင့်
သီထွဋ်တစ်ယောက် မနေနိုင်မေးမြန်းမိပြန်သည်။ အစ်ကိုစံမင်းက အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်လာတော့လည်း သူလည်း အထွန့်တက်မနေတော့ပေ။

မကြာမီတွင် အလှူလှည့်လည်ဖို့ ပြင်ဆင်ကြနေပြီဖြစ်သည် ။ ပထမဦးဆုံး ဘုရားဂေါပကကြီးက သာသနာ့အလံကိုင်၍ ရှေ့ဆုံးတွင် တန်းစီနေပြီဖြစ်ကာ ၊ သူ့နောက်တွင်တော့ သက်ကြီးပိုင်းလူကြီးများ ၊ ညောင်ရေပန်းအိုးကိုင် အဘွားများ စသည်ဖြင့် နေရာယူနေကြပေပြီ ။ ထို့နောက်တွင်တော့ ရွာစော်ကြီးသည်ကား ပရိက္ခရာ ပစ္စည်းများ လှူဖွယ် ပစ္စည်းကိုင်များကို နေရာယူစေကာ ထိုအဖွဲ့နောက်တွင်တော့ ပန်းတောင်ကိုင် အပျိုလေးများနှင့် ပုသိမ်ထီးဆောင်းပေးရမည့် ကာလသားလေးများကို နေရာယူစေသည် ။ ထို့အဖွဲ့များ၏ နောက်တွင်တော့ ကွမ်းတောင်ကိုင် အလှပဂေးလေးများကို နေရာယူစေလေပြီး ၊ ထိုကွမ်းတောင်ကိုင်လေးများ၏နောက်တွင်တော့ အလှူ့ဒါယိကာနှင့် အလှူ့ဒါယိကာမကြီးတို့နှစ်ဦးကို စီတန်းစေလေသည်။

ကွက်လပ်Where stories live. Discover now