အခန်း ၁၈ ပြန်လည်တွေ့ဆုံကြခြင်း

273 28 0
                                    

Unicode

" မရောက်လာသေးဘူးလားဗျာ "

သုတက မျက်နှာတစ်ခုလုံး ရှုံတွလျက်ဆိုလာသည် ။ ဆရာဝန် အသစ်ရောက်မယ်ဆိုလို့ စောင့်နေတာ ၂ နာရီလောက်ကတည်းက ၊ လက်မှ နာရီကိုကြည့်မိတော့ ၆ နာရီ ထိုးတော့မည် ။

" သုတ ငြီးမနေနဲ့..ဟိုက တကူးတက လာပေးတာတောင် မင်းက ထိုင်စောင့်နေရပြီးတော့ "

စံမင်းက ဆုံးမစကားဆိုသည်နဲ့ သီထွဋ်က ခပ်တိုးတိုးရယ်သည် ။

သုတက မျက်လုံးထောင့်ကပ်က သီထွဋ်ကို ပေစောင်းစောင်း လှန်ကြည့်သည် ။ ထိုသို့ကြည့်ရင် သီထွဋ်က ပိုရယ်သည် ။

ကိုသုတနှင့် ရင်းနှီးလာမှ ထိုသူဟာ အတော်လေး ကလေးဆန်မှန်းသိလာရသည် ။ တစ်ခါတစ်လေဆိုရင် လုံးဝမထင်မှတ်ထားလောက်အောင် မရင့်ကျက်ပေ ။

" ညီလေး.. သိပ်မရယ်နဲ့.. "

" ရယ်ပါစေ "

" ဟွန့်..ရယ်ထားဦးပေါ့လေ "

မကျေမနပ် မြည်တွန်တောက်တီးကာ ကားကိုမှီလျက် ငြိမ်သက်သွားတော့သည် ။ ထိုအချိန်မှာပင် ကားဂိတ်သို့ ကားတစ်စီး စိုက်ရောက်သည် ။ သီထွဋ်၏ အာရုံထဲ ဝင်လာသည်က သူနဲ့ အရပ် မတိမ်းမယိုင်း လောက်ရှိသော အသားဖွေးဖွေးနှင့် ကောင်လေးတစ်ယောက်ဖြစ်သည် ။ တစ်ခြားခရီးသည်များနဲ့ မတူစွာ ထိုသူက ကွဲထွက်ကာ ထင်း၍နေသည် ။ လေးထောင့်မျက်မှန်ခပ်သေးသေးက နှာတံလုံးလုံးလေးပေါ်တွင် နေရာယူထားသည့်တိုင် ထိုလူဟာ လှပပြီး ကြည့်ကောင်းနေဆဲ ။ ထိုလူဟာ တောက်ပလွန်းလို့ သီထွဋ်ဟာ ခဏလောက် ငေးမောနေမိသေးသည် ။
ထို့နောက် သူ့အာရုံထဲဝင်လာသည်က
ထိုသူက အသစ်ရောက်လာတဲ့ ဆရာဝန်လေးလား ဟူ၍ ။
သီထွဋ်က ဘေးမှာ ရပ်နေသော အစ်ကိုစံမင်းကို ကြည့်လိုက်တော့ အစ်ကိုစံမင်းက ထိုကောင်လေးကို စိုက်ကြည့်နေတာကို မြင်လိုက်ရသည် ။ မျက်ဝန်းများက အနည်းငယ်မျှ အသက်မဲ့နေသယောင် ။ သီထွဋ်လည်း မသိစိတ်ကနေ၍ ထိုလှလှပပကောင်လေးကို လှမ်းကြည့်လိုက်တော့ ထူးဆန်းစွာပင် ထိုကောင်လေးကလည်း အံသြသည့် မျက်ဝန်းများနှင့် အစ်ကိုစံမင်းအား ကြည့်နေခဲ့သည် ။

ကွက်လပ်Where stories live. Discover now