3

5.5K 997 61
                                    

Zawgyi

အပိုင်း - ၃: စီနီယာကိုကျွန်တော်တာဝန်ယူမှာပေါ့။

ကျောင်းသားသမဂ္ဂအခန်းထဲရှိကျန်ခဲ့သူများမှာတော့...

"သူ့ကို ငါ ဆွဲထိုးချင်တာ လက်ကိုယားနေတာပဲ..."

စိုင်းဇေယျသည် ဒေါသတကြီးပြောလေ၏။ လင်းရဝေကတော့ ကိုယ့်နားထင်ကိုယ်သာဖိပွတ်နေခဲ့သည်။ သူ့မျက်ခုံးတို့သည် တစ်ခုနှင့်တစ်ခုထိလုနီးပါးတွန့်ချိုးကာ မျက်နှာသည်လဲ သုန်မှုန်နေ၏။ ဒီ ထောင့်မကျိုးသည့်နှာဘူးကောင် ပထမနှစ်က သူ့ကိုဘယ်အငြိုးနှင့်များ ယခုလိုမျိုးလုပ်လိုက်ရတာလဲ။

"အဲ့ဒါမင်း ဟိုတလောကတွေ့ခဲ့တဲ့ ကောင်လေးမို့လား..."

"အင်း ဟုတ်တယ်..."

အောင့်သက်သက်ဖြေသည့် လင်းရဝေ၏အသံတွင် ရှက်ရွံ့ခြင်းအရိပ်ငွေ့လေးနွေးနွေးပါဝင်သည်။ ဒီကောင်လေးဟာ ဘယ်လိုတောင်များအတင့်ရဲစွာ ကျော်ဇောတို့မျက်စိရှေ့တွင် မဟုတ်တာလုပ်ခဲ့သည်ကို ပြောဆိုရဲရတာလဲ။ သူ့ကိုယ်သူ လူတွေရှေ့မှာ မတော်မတရားလုပ်လိုက်သလို ခံစားနေရတယ်! သူ လုပ်ခဲ့တာ ကျောင်းစည်းကမ်းဖောက်ဖျက်တာကြောင့် သွားပြောတာပဲရှိတာ။ အဲ့ဒါကို ဒီကောင်လေးက သူ့ကို...

ဖွတ်မရဓားမဆုံးဆိုတဲ့စကားပုံကို သူ ဒီနေရာမှာသုံးလိုက်သင့်လား? ကျောင်းစည်းကမ်းလိုက်နာဖို့ သွားပြောရာမှာ ကျောင်းစည်းကမ်းလဲမလိုက်နာသည့်အပြင် သူ့ပထမဆုံးအနမ်းပင်အဆစ်ပါသွားရရှာသည်။ ပထမဆုံးအနမ်း... ထိုအကြောင်းကိုတွေးလိုက်ချိန်တွင် လင်းရဝေတစ်ယောက် ငိုချင်သလိုလိုပင်ဖြစ်လာတော့သည်။

သူ အိမ်တွင်းပုန်းလေး စိတ်ကူးယဉ်ဇာတ်ကောင်များကိုသာ ရည်မှန်းကာရည်းစားတော်ချင်ခဲ့သူလေးက ယခုတော့ ယောကျာ်းရင့်မာကြီးတစ်ဦး၏ အနမ်းကိုခံခဲ့ရရှာသည်။ သူ့ပထမဆုံး ကြွေခဲ့သည်ဟု ဆိုသည့်ကောင်မလေးပင် စိုင်းဇေယျက မင်းကြိုက်တဲ့ဇာတ်ကောင်နဲ့တူတယ်နော်ဟု ပြောပြခြင်းမှ သတိထားမိသွားကာ လင်းရဝေတစ်ယောက် စိတ်ဝင်စားသွားခဲ့ခြင်း။ ယခုဒီကောင်လေးက... မပြောပါနဲ့ကာတွန်းကောင်တွေလို အပြစ်ပြောစရာမရှိလောက်အောင် မင်းထက်မြတ်ဆိုသည့် သေနာကောင်လေးက ချောတယ်ဆိုတာ သူ သိပါတယ်။ မင်းထက်မြတ်က ဘယ်လောက်ပဲ 2D ကမ္ဘာမှထွက်လာသည့် သူတစ်ယောက်နှင့်တူနေတူနေ မင်းထက်မြတ်တွင် အုန်းသီးနှစ်လုံးရှိမနေတာကြောင့် သူ့ကိုနမ်းဖို့အတွက် အဆင်မပြေပါပေ။

White Lotus Senior & Wolf Junior [Original]Where stories live. Discover now