Zawgyi
အပိုင်း - ၉: အခွင့်အရေးသမား မုဒိန်းကောင်။
"အစ်ကိုလင်းရဝေ..."
မင်းထက်မြတ် သူ့ရှေ့မှ လင်းရဝေကို ကြည့်နေ၏။ ပြီးခဲ့သည့်အချိန်ကလေးမှာပင် သူသည် လင်းရဝေ ၏ ယိမ်းထိုးနေသည့်ခန္ဓာကိုယ်ကို ထိန်းပြီး လင်းရဝေ အခန်းသို့ပို့ဆောင်နေခဲ့သည်။ ထို့နောက် အိမ်လဲရောက်ရော သော့ဖွင့်အခန်းတံခါးကို ဖွင့်ပေးပြီးနောက် နှစ်ယောက်လုံးဝင်ကာ အခန်းတံခါးကို ပိတ်နေစဉ်တွင် လင်းရဝေသည် တံခါးကိုလက်ထောက်ကာ သူ့ကို တံခါးနှင့် သူ့ကိုယ်လုံးသေးလေးကြား ညှပ်ပိတ်ထားလာခဲ့၏။
လင်းရဝေ၏ ထိုအပြုအမူက မင်းထက်မြတ်ကို အလွန်အူရွှင်သွားစေသည်။ သူ့ထက်ခေါင်းတစ်လုံးနီးပါးနိမ့်သည့် စီနီယာက သူ့ကို တံခါးနှင့် ခန္ဓာကိုယ်သေးသေးလေးကြားတွင် ပိတ်ထားချင်သည်။
အိုကေပါ... သူ ဒါမျိုးရင်ခုန်စရာတွေကို သိပ်နှစ်သက်တတ်ပါတယ်...
"မင်းထက်..."
လင်းရဝေ၏ အသံနှင့်အတူ ခံတွင်းမှ ထွက်လာသည့် အရက်နံ့က မင်းထက်မြတ်ကို ဖြာယောင်းနေခဲ့၏။ အခြားသူများ၏ ကိုယ်မှထွက်သည့်အရက်နံ့ကို သူ မနှစ်သက်သော်လဲ လင်းရဝေ၏ ကိုယ်နံ့နှင့်ပေါင်းထား၍လားမသိ သူ ထိုအနံ့ကိုနှစ်သက်သည်။ မင်းထက်မြတ် တံတွေးသာမြိုချလိုက်မိ၏။ သူက တကယ်ကိုမကောင်းသည့်ကောင်လေးတစ်ယောက်ပါလေ။ ထို့အတွက် ဒီစီနီယာကို အပီအပြင်ကို အသားယူချင်စိတ်မပေါ်ဘဲ ဘယ်နေလာပါ့မလဲ။ သို့သော်လဲ ဘာကြောင့်မှန်း သူ့စိတ်သည် တွန့်ဆုတ်နေခဲ့သည်။
သူ တစ်စုံတစ်ယောက်ကို တန်ဖိုးထားကြည့်ချင်နေတာလား? ဒီခံစားချက်က အတော့်ကို ထူးဆန်းတာပါပဲ။ သူ့မကောင်းသည့်စိတ်နှင့်ကောင်းသည့်စိတ်လွန်ဆွဲနေချိန်တွင် မူးနေသည့် လင်းရဝေ၏ တစ်မင်းထက်တည်း မင်းထက်နေခြင်းက အတော်အန္တရာယ်များသည့် ကိစ္စ။
"ဟုတ် အစ်ကိုလင်းရဝေ..."
"မင်း ဘာဖြစ်လို့ငါ့ကို အမြဲတမ်း အဲ့လို လုပ်နေတာလဲ..."
"ဘာကိုလဲ..."
"အမြဲတမ်း... အမြဲတမ်း ငါ့ကို မင်း ကြည့်နေတယ်... မင်းက လူဆိုးကောင် အခွင့်အရေးသမား နှာဗူး အဓ္ဓမကောင်!"
ESTÁS LEYENDO
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.