Zawgyi
အပိုင်း - ၂၂: မင်းထက်ငါ့ကိုစိတ်မဆိုးပါနဲ့။
"အဲ့ဒီတော့ မင်းသူငယ်ချင်းတို့စုံတွဲက ရန်ဖြစ်ထားကြတယ် ဆိုပါတော့ မင်းကိုအဲ မင်းသူငယ်ချင်းကို စာကြည့်တိုက်မှ ဖက်လို့..."
"အင်း..."
လင်းရဝေ မျက်နှာကပြိုတော့မည့်မိုးလို ဝေယံစိတ်ကုန်စွာသာ လင်းရဝေကိုကြည့်သည်။ အစကတည်းက အခုလိုမျိုး မျက်နှာသေလေးနဲ့မနေနိုင်ဘူးဆိုလဲ ဘောက်မဲ့ကြောင့်များ မူနေခဲ့သေးတုန်း။ ထားတော့... ထားတော့ ဒီနောက်ဆုံး ရည်းစားရသွားတာကြောင့် ပြတိုက်ပို့ခံရမဲ့ လူလေးဖြစ်လုဆဲဆဲက လွတ်သွားတဲ့ ကောင်စုတ်လေးကို သူ သည်းခံလိုက်မယ်။ ကောင်စုတ်လေးက သူလို့ဝန်မခံသေးဘဲ သူ့သူငယ်ချင်းပါလို့ ပြောနေသေးပေမဲ့လဲ ထားထားလိုက်ပါဦးမယ်။
"မင်းသူငယ်ချင်းက ဘာလို့မလုပ်စေချင်ရတာလဲ..."
ဝေယံမှ အသံမထွက်လာသဖြင့် သူတို့ကိုတိုင်ပင်နေသည့် လင်းရဝေတစ်ယောက် ငိုမသွားစေရန် ကျော်ဇောမေးခွန်းထုတ်ပေးရလေသည်။ အင်း မိသားစုကလေးမှာ အမေက ဘာမှမပြောရင် အဖေကဖြေရှင်းပေးရမယ်မဟုတ်လား။ ကျော်ဇော မေးခွန်းကြောင့် လင်းရဝေ ခေါင်းကိုငုံ့ကာ...
"ငါ... ငါလဲ...အာ ငါ့သူငယ်ချင်းလဲ အဲ့လိုမနေချင်ဘူးတော့ဘယ်ဟုတ်မလဲ... သူလဲ သဘောကျပါတယ်... လက်တွဲခံရ၊ အဖက်ခံရတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်"
"အဟွတ်!"
သူရမှာ ကြားနေရင်း အအေးထသီးရှာသည်။ ကိုယ့်သူငယ်ချင်းရဲ့ Love Life ကိုနားထောင်ရသည်က ဘယ်လိုကြီးမှန်းမသိ။ ထိုကြားထဲ သူ့သူငယ်ချင်းက ကောင်ကလေးတစ်ယောက်နှင့်တွဲသည့်အပြင် သူက မိန်းကလေးနေရာကိုရောက်နေသည့်ပုံမျိုးဖြင့် ပြောလာတော့ သူရစိတ်ထဲယားကျိယားကျိ။ သူရအတွေးတို့ကို သိပါက ဝေယံသည် လင်းရဝေက တကယ်လဲမိန်းကလေးနေရာပဲကိုဟု အလင်းပြပေလိမ့်မည်။
တစ်လောကလုံးတွင် လင်းရဝေကသာ သူ ဘဲရနေသည်ကို သူ့သူငယ်ချင်းများ မသိဟု ထင်နေတာ။ လူတိုင်းက ကျောင်းကင်းနှင့်ကျောင်းသားခေါင်းဆောင်သည် တွဲခုတ်နေကြသည်ကို သိပြီးသားပင်။ ထိုအရူးနှစ်ကောင်သည် သိသာလွန်းသည်လေ။

ŞİMDİ OKUDUĞUN
White Lotus Senior & Wolf Junior [Original]
RomantizmA white lotus senior with his wolf junior who hate white lotus.