4

5.1K 964 37
                                    

Zawgyi
အပိုင်း- ၄: ငါအခုယောကျာ်းလေးကိုပြောင်းကြိုက်မလို့။

"ဒီကောင်ကဘာဖြစ်နေတာလဲ..."

သူရသည် မျက်မှောင်ကြုတ်ကာမေး၏။ သူတို့ ကျောင်းကန်တင်းသည် ပထမနှစ်ကျောင်းသား၊ကျောင်းသူသစ်များနှင့် စည်ကားသိုက်မြိုက်နေခဲ့သည်။ ကျောင်းသူသစ်ချောချောလေးတွေကို မြင်ရတာက တကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့ မြင်ကွင်းပဲဟု သူရတွေးမိသည်။ ကြည့်ပါဦး ကလေးမလေးတွေက အလှမပြင်တတ်သေးတာကြောင့် သူတို့မှာ သဘာဝအလှလေးတွေနဲ့။ ဒီလိုသဘာဝအလှတွေနဲ့ ပြည့်စုံတဲ့ ကြည်နူးစရာမြင်ကွင်းမျိုးကို မြင်နေသည့်တိုင် လင်းရဝေ မျက်နှာက ရှစ်ခေါက်ချိုး။ မသိလျှင် သူ့ကို ရှေ့တန်းလွှတ်ထားသည့်ရုပ်ဖြင့်။ မအီမသာ၊မကျေမနပ် မကောင်းသည့် ခံစားချက်ပေါင်းစုံသည် လင်းရဝေ မျက်နှာတွင် ရှိနေသည်ဟု သူတို့တစ်ဖွဲ့လုံး တညီတညွတ်တည်း ကောက်ချက်ချလိုက်ကြသည်။

"အဲ့ဒါက ဖုန်းနံပတ်တောင်းတဲ့ မင်းထက်မြတ်ဆိုတဲ့ ပထမနှစ်ကြောင့်ဆိုရင်..."

မင်းထက်မြတ်ဆိုသည့် အသံကြားသည်နှင့် လက်ထဲမှ ဇွန်းကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်သည့် လင်းရဝေ ကြောင့် ကျော်ဇော သူ့ပါးစပ်ကိုသူ အရှိန်ထိန်းလိုက်သည်။ သူတို့အားလုံး သတိထားမိသည်က မင်းထက်မြတ် ဆိုသည့် အမည်သည် လင်းရဝေ ဆိုသည့် အနှီကျောင်းသားခေါင်းဆောင်ကို အချိန်မရွေးပေါက်ကွဲစေနိုင်သည့် Trigger တစ်ခု။ ထိုသို့ ကျော်ဇော ပါးစပ်ပိတ်နေသည့် ကြားမှ အလိုက်မသိသော သူရ ၏ အသံက ဆက်ထွက်လာသေးသည်။

"သူက မင်းဖုန်းနံပတ်ကို အသေတောင်းနေတာ မင်းကိုများကြိုက်နေတာလားပဲ!"

"ချီးထုတ်ကောင် သူရ!"

သူရ စကားသံနောက်မှ ဝေယံ၏ စိတ်ပျက်လက်ပျက် ညည်းတွားသံထွက်လာပြီးနောက် ဝုန်းခနဲထကာ သူတို့ဝိုင်းမှ ထွက်သွားသည့် လင်းရဝေ ကျောပြင်ကို ကြည့်ပြီး သူတို့လေးယောက်သက်ပြင်းချလိုက်မိကြသည်။

"အ! စိုင်းဇေယျ မင်းငါ့ကို ဘာလုပ်တာလဲ..."

သူရ ကိုယ့်ခေါင်းကိုယ်ပွတ်ကာ ထအော်တော့ ကျန်သုံးဦး၏ နည်းတောင်နည်းသေးတယ်ဟူသည့် အကြည့်များကိုသာ လက်ခံရရှိခဲ့သဖြင့် သူရတစ်ယောက် မကျေနပ်သော်လဲ ငြိမ်နေလိုက်ရရှာသည်။

White Lotus Senior & Wolf Junior [Original]Où les histoires vivent. Découvrez maintenant