Zawgyi
အပိုင်း - ၂၃: တစ်ယောက်ကိုတစ်ယောက်ချစ်တာကြောင့်။
"လင်း..."
လင်းရဝေ၏ ရုတ်ချည်းဖက်ထားလိုက်မှုက မင်းထက်မြတ်ကို ကြောင်အသွားစေသည်။ ထို့နောက်သူ လင်းရဝေကိုပြန်ဖက်ထားရင်းဖြင့် အိမ်ထဲခပ်တည်တည်ဝင်လာ၏။ လင်းရဝေသည် ကလေးဆန်စွာဖြင့် သူ့ကိုဖက်ထားဆဲ။
"ကျွန်တော် စိတ်ဆိုးမနေပါဘူး..."
ဖိနပ်ချွတ်နေရင်းမှ မင်းထက်မြတ်ဆိုသည်။ လင်းရဝေသည် ဖိနပ်ချွတ်နေသည့် မင်းထက်မြတ်ကိုကြည့်ပြီး သူလုပ်ခဲ့သည့်အပြုအမူကို သူ ပြန်ပြီးရှက်နေရ၏။
"ကျွန်တော်အခုလာတာက လင်းကို ကျောင်းတုန်းက စိတ်ဆိုးခဲ့တာကို လာတောင်းပန်တာ..."
ဖိနပ်ချွတ်ပြီးနောက် မင်းထက်မြတ်သည် လင်းရဝေဘက်လှည့်သည်။ လင်းရဝေသည် ခေါင်းကိုသာ ငုံ့နေထား၏။ ရုတ်တရက်ကြီး သူ့ကိုဖက်လာသည့် လင်းရဝေကို မင်းထက်မြတ် သေချာမကြည့်ခဲ့မိသော်လဲ ယခုသတိထားမိချိန်တွင် လင်းရဝေသည် ရေချိုးပြီးစဖြစ်ပုံရသည်။ ရှန်ပူနံ့ခပ်သင်းသင်းနှင့် လင်းရဝေ သုံးနေကျဖြစ်ဟန်တူသည့် လိမ္မော်နံ့နှင့်ဆင်သည့် ဆပ်ပြာနံ့သည် လင်းရဝေထံမှ နှစ်လိုဖွယ်ရာ သင်းပျံ့နေခဲ့သည်။
"ကျောင်းတုန်းက ကျွန်တော် တကယ်ပဲတောင်းပန်ပါတယ်... လင်းဘက်ကို မကြည့်ခဲ့မိဘူး ကျွန်တော်ဖြစ်ချင်တာကိုပဲ ကြည့်ခဲ့မိတာ..."
လင်းရဝေသည် ခပ်ကိုသာငုံ့နေ၏။ မင်းထက်မြတ်က သူ့ကိုလာတောင်းပန်သည်တဲ့။
"မနက်ဖြန်မှဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ် ပြောလို့ရတယ်ဆိုပေမဲ့... ကျွန်တော်ကိုယ်တိုင်လာတွေ့ပြီးပဲ လင်းကို ပြောချင်နေလို့..."
တစ်စုံတစ်ယောက်နှင့်စိတ်ဆိုးနေခြင်းက ယခုလိုနေမထိထိုင်မသာခံစားချက်ကို ပေးမည်ဆိုသည်ကို မင်းထက်မြတ်သည် ဘယ်သောအခါကမှ မထင်မိခဲ့။ လင်းရဝေနှင့်သူ စိတ်ဆိုးနေသည့်အချိန်တွင် သူ့ကိုယ်သူ လင်းရဝေနှင့်ပတ်သက်ပြီးမတွေးမိအောင် သူ နေသည်။ တစ်နာရီပင်မခံခဲ့။ စိတ်သည်ခိုးလုခုလုဖြစ်နေဆဲ။ ဘာလုပ်လုပ် သူ လင်းရဝေအကြောင်း မတွေးဘဲမနေနိုင်။ နောက်ဆုံးတွင်တော့ စိတ်မြန်လက်မြန်ရှိသည့် မင်းထက်မြတ်တစ်ယောက် လင်းရဝေ အိမ်ထိသို့လိုက်လာဖြစ်ခဲ့သည်။
ŞİMDİ OKUDUĞUN
White Lotus Senior & Wolf Junior [Original]
RomantizmA white lotus senior with his wolf junior who hate white lotus.