Zawgyi
အပိုင်း - ၁၈: ဘယ်သူက မင်းကိုမချစ်ဘူးလို့ပြောလို့လဲ!
သူတို့ ပတ္တရောင်လှည့်ပြီး ခန်းမထဲဝင်ချိန်တွင် သူတို့ မေဂျာ အလှည့်ရောက်နေခဲ့ပြီ။ အချိန်မီသွားတာ တော်သေးတာပေါ့ဟု လင်းရဝေ တွေးကာ စင်ပေါ်သို့အကြည့် မိန်းကလေးတစ်ဦးလက်ကို ဆွဲပြီး စင်ပေါ်သို့တက်လာသော မင်းထက်မြတ်။ ကြင်နာစွာလက်ကိုကိုင်စွဲတတ်လာသည့် မင်းထက်မြတ်ကို မြင်ရချိန်တွင် လင်းရဝေ ရင်သည်ဆစ်ခနဲ။ အာ... ဘာလို့ မင်းထက်မြတ်က သူ မဟုတ်တဲ့တခြားသူတစ်ယောက်ရဲ့ လက်ကိုဆွဲနေရတာလဲ။
ထိုကောင်မလေးသည် ချစ်စရာကောင်းသည်။ သို့သော်လဲ ချစ်စရာကောင်မလေးကို သူအာရုံမရှိ။ သူ့အာရုံတို့က မင်းထက်မြတ်ထံတွင်သာ။ ဘာကြောင့် ယနေ့ညတွင် မင်းထက်မြတ်သည် ထိုမျှထိကြည့်ကောင်းနေရတာလဲ။ တည်ငြိမ်ခန့်ညားသော အသွင်၊ ချောမောပြေပျစ်သော ကိုယ်နေဟန်ထား၊ မင်းထက်မြတ် သည် သူတို့ မေဂျာကို Scholar ဖြင့် ဝင်ခွင့်ရသူ။ မင်းထက်မြတ်၏ အိမ်သည် ငွေကြးလဲကြွယ်ဝသလို အဆက်အသွယ်များလဲကောင်းသည်။ ထို့အတွက် မင်းထက်မြတ် သည် အဖက်ဖက်မှ ပြည့်စုံသူ။ မင်းထက်မြတ်သည် မိုးကျရွှေကိုယ်ရွှေမင်းသားတစ်ပါးပေ။
လူအတော်များများသည် မင်းထက်မြတ်ကို သဘောကျကြသည်။ မင်းထက်မြတ်၏ ဘေးတွင်ရှိချင်ကြသည်။ သို့သော်လဲ ထိုမင်းထက်မြတ်သည် သူ့ကို ထွေးပွေ့ဖူးသည်။ နမ်းရှိုက်ဖူးသည်။ သူ့ကိုချစ်သည်ဟု ဆိုဖူးသည်။ ထိုအကြောင်းတို့ကို စဉ်းစားလိုက်မိချိန်တွင် လင်းရဝေ ခန္ဓာထဲရှိသွေးတို့ဆူပွက်လာသလို။
မင်းထက်မြတ်ကို သူတစ်ဦးတည်းသာ ပိုင်ဆိုင်လိုသည်။ မည်သူမျှ မင်းထက်မြတ်အား ကြည့်နေခြင်းကို သူ မလိုချင်။ မင်းထက်မြတ်သည် သူ့လူ၊ သူ့ပိုင်ဆိုင်မှု။ ဘာကြောင့် ခန်းမတစ်ခုလုံးမှ လူအားလုံးသည် သူ့ မင်းထက်မြတ် ကို ကြည့်နေကြသည်လဲ။ မင်းထက်မြတ်ကလဲ ဘာကြောင့် ပြုံးနေရသည်လဲ။ မပြုံးနဲ့။ ဘယ်သူ့ရှေ့မှာမှ မပြုံးနဲ့။ သူ နည်းနည်းလေးမှ မနှစ်မြို့။ ဘာလို့များ မင်းထက်မြတ်ကို သူ ပြိုင်ပွဲဝင်ခိုင်းခဲ့ရတာလဲ။ သူ မင်းထက်မြတ်ကို စင်ပေါ်တက်ကာ ဆွဲချချင်သည်။
YOU ARE READING
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.