Zawgyi
အပိုင်း- ၁၁: မင်းကံကောင်းပါစေမင်းထက်မြတ်။"အခုတလော လင်းရဝေ နေရောကောင်းရဲ့လား?"
ထိုစကားကိုစပြောသူက စိုင်းဇေယျ... ကျန်သုံးယောက် စိုင်းဇေယျ ကို မျက်လုံးပြူးများဖြင့်ကြည့်လာတော့ စိုင်းဇေယျ တွန့်ခနဲဖြစ်သွားရသည်။ သူ့စကားက အမှားများပါလို့လား။
"ဒါ ငါ မဲပေါက်မဲ့လက္ခဏာပဲ ငါ မနေ့က ငါဆော့နေတဲ့ ဂိမ်းမှာ Limited Edition Dressing လေး ကံစမ်းထားတယ်..."
ဝေယံ့ ပခုံးကိုဖက်ကာ သူရသည် မျက်ခုံးပင့်ကာ ရယ်၍ပြန်ပြောသည်။ စိုင်းဇေယျက စကားပြန်လာသည့် သူရကို မျက်မှောင်ကြီးကြုတ်ကာကြည့်နေခဲ့ပြီး ကျော်ဇော ကတော့ သူနှင့်မဆိုင်သလိုနေရင်း Library သွားရာမှ ပြန်မလာသေးသည့် လင်းရဝေသည် လမ်းတွင် ပထမနှစ်တစ်ကောင်ကောင်၏ ပြန်ပေးဆွဲများခံနေရလေသလားဟု တွေးနေပေသည်။ လင်းရဝေ ကို ပြန်ပေးဆွဲမည့် ထိုပထမနှစ်သည် လူရှုပ်လူပွေကောင် မင်းထက်မြတ် မှတစ်ပါး အခြားမည်သူမျှ မဖြစ်နိုင်။
"ငါပြောတာ ဘာမှားလို့လဲ..."
စိုင်းဇေယျ သူ့စကားနှင့်သူ မလုံမလဲဖြစ်ကာ ပြန်မေးတော့ သူရသည် အသံရွှင်ရွှင်ဖြင့်...
"မင်းလို ရန်ဖြစ်ဖို့ပဲ သိတဲ့ကောင်တောင် လင်းရဝေ ထူးခြားနေတာကို သိတယ်... ပြောချင်တာက အခု ဒီကောင်ထူးခြားတာက သိသိသာသာကို ဖြစ်နေတာ..."
သူရစကားကြောင့် စိုင်းဇေယျ ပါးစပ်ဟစိဟစိဖြစ်ရကာ စကားပြောမလိုမပြောမလိုဖြစ်နေချိန်တွင် ကျော်ဇောအသံသည် ထွက်လာ၏။
"သူ ရည်းစားရနေတယ်လို့ထင်လား..."
ကျော်ဇောကို သူတို့သုံးဦးလုံး ဆတ်ခနဲကြည့်လိုက်ကြတော့ ကျော်ဇောသည် ခပ်တည်တည်ဖြင့်...
"သူ့ကို တစ်ယောက်ယောက်က လိုက်နေတယ်ဆိုရင် ပိုမှန်မလား..."
"အာ...အာ... ဒါက ငါထင်နေတဲ့ ပထမနှစ်အစုတ်အပြတ်လေးများလား"
ဝေယံ့မျက်နှာက လင်ချောချောနှင့်ရတော့မည့်မျက်နှာမျိုးဖြစ်သွားသဖြင့် အနီးရှိ သူရ မှာ ကြက်သီးထသွားဟန်ဖြင့် သူ့လက်မောင်းများကို သူ ပွတ်ကာ...
ESTÁS LEYENDO
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.