14

4.3K 857 38
                                    

Zawgyi
အပိုင်း- ၁၄: စီနီယာ-ဂျူနီယာ။

သူတို့နှစ်ဦးကြားရှိ ပြဿနာသည် ရက်သတ္တပတ်တစ်ခုကြာပြီးချိန်တွင်တောင် အဆင်မပြေခဲ့သေး။ မင်းထက်မြတ်ကို သူ ရှာကာ မေးချင်သော်လဲ အပုန်းကောင်းသူ ကောင်လေးတစ်ယောက်ကို လင်းရဝေသည် ရှာ၍မတွေ့နိုင်ခဲ့။

"တကယ်ကြီး မင်း သူ့ကို အခုလို လုပ်ထားမှာလား? မင်းကသူ့ကိုကစားနေတာပဲ..."

Pokey ချောင်းတစ်ချောင်းကိုကိုက်ကာ မင်းညီလာသည် ခပ်အေးအေးပြောသည်။ မင်းထက်မြတ်သည် ကျောင်းဆောင်တစ်နေရာမှ သူသွားလေ့ရှိသည့် နေရာတွင်ရှာမတွေ့၍ ခေါင်းလေးငိုက်စိုက်ကျကာ ပြန်ထွက်သွားသည့် လင်းရဝေ၏ ပုံရိပ်ကို ကြည့်နေရင်းမှ နှုတ်ခမ်းတစ်ချက်သာ တွန့်ပြလေ၏။

ကိုယ်နှင့်မဆိုင်သည့် ကိစ္စမို့မင်းညီလာက ဆက်မမေးသော်လဲ စောရန်နောင်သည် မမေးဘဲ မနေနိုင်။

"ကိုလင်းရဝေက ရိုးသားပါတယ်... သူက အငယ်တွေကို ကူညီတတ်တယ်..."

မင်းထက်မြတ်၏ မျက်ခုံးပင့်ကြည့်မှုကြောင့် စောရန်နောင်သည် လေးနက်တည်ကြည်သည့် မျက်နှာဖြင့်...

"မင်းကြုံတွေ့ဖူးတဲ့လူတွေလို ဟန်ဆောင်နေတဲ့သူတစ်ယောက်မဟုတ်ဘူး..."

"ဒါကို မင်းတောင်သိနေတာကို ငါက မသိစရာရှိမလား?"

မင်းထက်မြတ်စကားကြောင့် စောရန်နောင်သည် အောင့်သက်သက်ဖြင့်...

"မင်း ရိုးသားတဲ့လူတွေကို မကစားသင့်ဘူး... ငါက ဒီဟာကြီးကို ခွင့်မပြုဘူးနော်..."

"ခွင့်မပြုတော့... မင်းက ငါ့အမေလား?"

မင်းထက်မြတ်၏ မထီတထီစကားကြောင့် စောရန်နောင်ပါးစပ်သာ ပိတ်နေလိုက်တော့သည်။ နေလိုက်တော့ ဒါက သူ့ကိစ္စလဲမဟုတ်ဘူး။ မင်းထက်မြတ်၏ စိတ်မကြည်မှုမှ ဖြစ်တည်လာသော စောရန်နောင်၏ ကံဆိုးမှုကို မင်းညီလာသည် ခပ်တိုးတိုးကြိတ်ရယ်နေခဲ့သည်။ ထို့နောက် မင်းညီလာသည် ပျင်းရိစွာ ပျင်းကြောဆန့်၏။ လင်းရဝေ မရှိတော့သည့် ဖြတ်သွားခဲ့သော နေရာလေးကို ကြည့်ကာ မင်းထက်မြတ်၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့ညွှတ်လာတော့သည်။

White Lotus Senior & Wolf Junior [Original]Onde histórias criam vida. Descubra agora