6

4.8K 940 12
                                    

Zawgyi
အပိုင်း- ၆: မသိဘူးဘလိမ်းမယ်။

တတီတီမြည်နေသော သူ့ဖုန်း Alarm ကြောင့် ခေါင်းကို ခေါင်းအုံးအောက်ထဲ တိုးဝင်လိုက်သလို ကိုယ့်ကိုယ်ကိုလဲ ဘောလုံးတစ်လုံးလိုကွေးသည်။ ထိုသို့ကွေးလိုက်ခြင်းက Alarm သံ ကြားရခြင်းကို တိုးသွားစေနိုင်သည်ဟု လင်းရဝေ ခံစားရ၏။ ထို Alarm သံပျောက်သွားပြီး မကြာလိုက် Alarm သံနေရာတွင် Phone Ringtone သံတစ်ခုဝင်လာ၏။ လင်းရဝေ ဥပက္ခာပြုပြီးဆက်အိပ်နေဆဲ။

တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...လေးကြိမ် သီချင်းသံများပြောင်းကာ Ringtone များသည် မြည်လေသည်။ လေးကြိမ်မြောက် Ringtone သံက လင်းရဝေကိုဆတ်ခနဲ ထလာစေ၏။ သူတို့ အဖွဲ့ငါးယောက်တွင် လင်းရဝေသည် သူ့သူငယ်ချင်းလေးယောက်ဖြစ်သည့် သူရ၊ စိုင်းဇေယျ၊ ဝေယံ နှင့် ကျော်ဇောကို မတူညီသည့် Phone Ringtone များပေးထားခဲ့သည်။ ထိုလေးယောက်က မနက်မထနိုင်သည့် သူ့အား နေ့တိုင်းနီးပါးနှိုးပေးသူများ။ ထိုလေးယောက်တွင်သာ ကောင်မလေးရှိလျှင် (ဝေယံ တွင်တော့ကောင်လေးသာ ရှိနိုင်သော်လဲ) သူတို့၏ သက်ဆိုင်သူများသည် သူ့ကို နားရင်းရိုက်ချင်မည်ကို လင်းရဝေကောင်းကောင်းသိသည်။

လင်းရဝေ သည် ကျောင်းတွင်သာ ကျောင်းသားခေါင်းဆောင် ဖြစ်နေတာ။ တကယ့်တကယ်တန်း သူ့ကို ထိန်းနေရသူများက ထိုလေးယောက်။ ကျောင်းသားခေါင်းဆောင်ဖြစ်သော သူ့မျက်နှာဖုံးအောက်တွင် လင်းရဝေ ဟူသည် ကျောင်းစာနှင့် သူ့ Limited Edition များမှလွဲလျှင် ဘာတစ်ခုမျှမသိသောငအူငလည်တစ်ယောက်။ အရက်မူးလျှင်တော့ သူ့ကိုယ်သူ လူပျိုစစ်စစ်ဖြစ်ကြောင်း မူးမူးရူးရူးနှင့် ဂုဏ်ဆာတတ်သည်။

ယခုလဲ မနက်တိုင်းနှိုးသည့် ဖုန်း 4 call တွင် ထိုစတုတ္ထမြောက် call သည် သူ ဖုန်းမကိုင်သည်နှင့် သူ့အခန်းတံခါးကိုချိုးဖျက်ဝင်လာမည်ဟု ခြိမ်းခြောက်ထားသည့် ကျော်ဇော ၏ Phone Call... ထို့အတွက် လင်းရဝေ ဖုန်းမကျခင်အချိန်မီကိုင်၏။

"အေး... ကျော်ဇော ငါနိုးပြီ......"

သူ အိပ်ချင်မူးတူး နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသော အသံဖြင့်သာထူးတော့ တစ်ဖက်မှ ကျော်ဇောသည် သူ့ကို တစ်နာရီအတွင်းပြီးအောင်လုပ်ရန်၊ လာမကြိုတော့ကြောင်းနှင့် မနေ့ညက Assignment အတွက် သူတို့ငါးယောက် မနက်ပိုင်း ကန်တင်းတွင် ဆုံရန်ပြောကာ ဖုန်းချသွားတော့သည်။

White Lotus Senior & Wolf Junior [Original]Where stories live. Discover now