2

6.5K 1K 37
                                    

Zawgyi
အပိုင်း- ၂: စီနီယာ့ဖုန်းနံပတ်လေးပေးပါလား။

လင်းရဝေအတွက် ပထမနှစ်ကောင်ကလေးမင်းထက်မြတ်သည် သူ့ပထမဆုံးအနမ်းကိုခိုးခဲ့သည့် အနမ်းသူခိုးတစ်ယောက်အပြင် ခပ်ဆိုးဆိုးကောင်ကလေးတစ်ယောက်လဲဖြစ်လာခဲ့သည်။ ရည်းစားပွေသည်၊ရှုပ်သည်။ ထို့အပြင်အခြားသူများ၏ ရည်းစားများကိုလဲ ဖြတ်ခုတ်ချင်ဖြတ်ခုတ်တတ်၏။ ထို့အတွက် သူ့ကို သတ်မှတ်ရမည်ဆိုလျှင်တော့ အမြဲတမ်း ပြဿနာနှင့်လက်မပြတ်ဆိုသည့် သူမျိုးဟုပင်။

ယခုလဲ...

"ဒါ... ဒါက..."

လင်းရဝေ ခေါင်းကိုကုတ်သည်။

သူ ဒီကောင်လေးနဲ့မနက်တုန်းကပဲတွေ့ခဲ့တာလေ။ အခုထပ်တွေ့ရပြန်ပြီ။ သိပ်မကြာသည့်ရက်ပိုင်းလေးကမှ သူ့ကိုဒီကောင်စုတ်လေး အသားယူခဲ့တာကို သူ မေ့လို့တောင်မရသေးပါဘူး။

"မင်းတို့က ဘာလို့ရန်ဖြစ်လာကြတာလဲ..."

လင်းရဝေ၏မျက်နှာတည်တည်ကြောင့် မင်းထက်မြတ်နှုတ်ခမ်းတို့ကကော့ညွှတ်သွား၏။

အိုး... ဒီအစ်ကိုကြီးက တကယ်ပဲကျောင်းသားသမဂ္ဂခေါင်းဆောင်ပါလား။ အစ်ကိုကြီး? အမ်း အစ်ကိုသေးသေးဟု သူ ဆိုရလိမ့်မည်။

မင်းထက်မြတ်၏ အကြည့်စူးစူးကြောင့် လင်းရဝေ၏ ပါးသည်ရှိန်းတက်လာရသည်။

တကယ်... ဒီကောင်စုတ်လေးက ဘာလာလုပ်တာလဲ? သူ ဒီကောင်စုတ်လေးနဲ့မတွေ့ချင်ဘူး။ နောက်ပြီး ဒါနှစ်အစပဲရှိသေးတယ်လေ။ ကျောင်းဖွင့်ပြီး တစ်ပတ်လောက်ပဲရှိသေး ဒါကို ဒီကောင်လေးက နှစ်ကြီးသမားနဲ့ရန်ဖြစ်လာပြီ။

"သူတို့က မိန်းကလေးကြောင့် ရန်ဖြစ်လာတာ..."

ကျော်ဇော စကားဆုံးချိန်တွင် လင်းရဝေမျက်နှာထက်၌စိတ်ရှုပ်မှုများဖြင့်။ ကျော်ဇောသည် လက်ကိုပိုက်ကာ လင်းရဝေကိုကြည့်သည်။ ထိုရန်ဖြစ်သည့်ကျောင်းသားနှစ်ယောက်ကို သူ ဖမ်းခေါ်လာခြင်းဖြစ်သည်။

လင်းရဝေသည် သူတို့ရုံးခန်းထဲရောက်လာသည့် မင်းထက်မြတ်ကို ကြည့်၏။ ထိုအနမ်းအကြောင်းကို သတိရသွားကာ ဆူဆဲတော့မည့် စကားများသည် အထစ်ထစ်အငေါ့ငေါ့သာ ထွက်သွားရှာတော့သည်။

White Lotus Senior & Wolf Junior [Original]Tempat cerita menjadi hidup. Temukan sekarang