Zawgyi
အပိုင်း - ၈: စူဠလိပ်ရေထဲလွှတ်။
တစ်ဝိုင်းလုံးသည်တိတ်ဆိတ်လို့နေ၏။ မင်းထက်မြတ်ရင်ထဲတွင် အချက်ပေးခေါင်းလောင်းသံအမြောက်အမြားမြည်နေခဲ့သည်။ ရန်ဖြစ်ရခြင်းကို သူ မကြောက်။ သို့သော် မမျှတသည့်ရန်ပွဲမျိုးကို သူ လုပ်လိမ့်မည်မဟုတ်။
ရန်ဖြစ်ပါတယ်ဆို ကိုယ်အသာစီးမရတဲ့ရန်ပွဲတွေက ဘာလုပ်ရမှာလဲ။ ဒီတော့ အကောင်းဆုံးအကြံက မနိုင်မဲ့ရန်ပွဲဆိုရင် ဘယ်တော့မှ မဖြစ်တာ အကောင်းဆုံးပဲ! တရားခံက သူသာဖြစ်ကြည့်သူ့အတွက် အနေအထားမြွေဖားက နည်းနည်းလေးမျှကောင်းမည်မဟုတ်!
ထို့အတွက် ဤလင်းရဝေဆိုသည့် စီနီယာငမူးမှ သူ့အကြောင်း ဖော်ကောင်မလုပ်ခင် ရှောင်ထွက်ရန်အကောင်းဆုံး အကြံသည် Toilet သို့သွားရန်။ အနည်းဆုံးတော့ သူဟု ဖော်ကောင်လုပ်ပြီးလျှင် သူ့သူငယ်ချင်းတွေက Toilet ထဲရှိသူ့ကို တနည်းနည်းနှင့် သတိပေးမှာပဲ မဟုတ်လား။ သူတို့က ညီအစ်ကိုတွေပဲဟာကို။ ညီအစ်ကိုလို ခင်ရတဲ့သူငယ်ချင်းနှစ်ဦးက သိပ်ယုံကြည်ရတဲ့ပုံမျိုးမပေါက်ပေမဲ့ တကယ်တကယ်တမ်းတွင် အင်မတန်ယုံကြည်လို့ရပါတယ်။ သူတို့သုံးဦးပေါင်းကာ ဆိုးသွမ်းခဲ့သည့် ကိစ္စရပ်များက မနည်းမနောဘဲဟာ။
မင်းထက်မြတ်ကိုယ့်အတွေးနှင့်ကိုယ် စိတ်ချကာ ထရပ်လိုက်တော့ သူ့ကို စူးစမ်းသလို ကြည့်လာသည့် တတိယနှစ်မှ စီနီယာများ။ ဒီစီနီယာတွေက ရိပ်မိသွားတာများလား? လင်းရဝေကတုံးတယ်ဆိုတိုင်း သူ့အပေါင်းအသင်းတွေကတော့ တုံးချင်မှတုံးမှာပေါ့။ မင်းထက်မြတ် တံတွေးတစ်ချက် မြိုချကာ ဒီလည်ပုံပေါက်သည့် စီနီယာများသည် ရိပ်မိသွားခဲ့ပြီလားဟူသည့် စိုးရိမ်မှုများဖြင့်ကြည့်သည်။ သို့သော်လဲ သူ့စိုးရိမ်မှုသည် မျက်နှာတွင်တော့ တစ်စက်ကလေးမှ မပေါ်။
ဟမ့် လူပွေလူရှုပ်လုပ်ဖို့အတွက် အလိုအပ်ဆုံးအရာက ဘာလို့ထင်လဲ? အရေထူဖို့! ဘာဖြစ်ဖြစ် ဟန်မပျက်နေတတ်ဖို့! ကိုယ်မဟုတ်တာလုပ်ထားတာကို တစ်ဖက်လူသိလဲ မင်သေသေနဲ့နေတတ်ဖို့ပဲ!
"ဂျူနီယာ မင်းဘယ်သွားမလို့လဲ..."
ကျော်ဇောအသံက ခပ်ပြတ်ပြတ် မင်းထက်မြတ် ရင်ထိတ်နေသော်လဲ မျက်နှာပျက်ခြင်းမရှိဘဲ ပြုံးပြကာ...
VOCÊ ESTÁ LENDO
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.