19

4.6K 865 29
                                    

Zawgyi
အပိုင်း- ၁၉: မင်းကိုချစ်ရတာ နည်းနည်းလေးအဆင်မပြေဖြစ်တယ်။

"မင်း..."

လင်းရဝေကို သူ လူချင်းခွာပေးလိုက်ချိန်တွင် လင်းရဝေမျက်နှာတစ်ပြင်လုံးသည် မီးပူပင်တိုက်၍ ရလောက်တော့မည်။ ပူထူနေသည့် စီနီယာကောင်လေးကိုကြည့်ကာ မင်းထက်မြတ်ပြုံး၏။

"ဒီတော့ လင်းက ကျွန်တော့်ကိုချစ်တာလား မချစ်တာလား..."

လင်းရဝေသည် မင်းထက်မြတ်ကို စေ့စေ့မကြည့်ရဲဘဲ မျက်လွှာသာချထားလိုက်တော့သည်။ အား သူဘာလို့များ အဲ့ဒီလိုပြောလိုက်မိတာလဲ။ အခုမှတော့ မတတ်နိုင်တော့ဘူး။ သူ ပြောတုန်းကလဲ ပြောပြီးပြီပေါ့။

"မင်းထက်မြတ် မင်း ငါ့ကို အခုလိုဖြစ်အောင် လုပ်လိုက်တာကြောင့် မင်း တာဝန်ယူရမယ်!"

ကလေးဆန်စွာပြောလာသည့် လင်းရဝေကိုကြည့်ကာ မင်းထက်မြတ် ရယ်သည်။ ထို့နောက် သူ ခေါင်းကိုနှိမ့်၍...

"တာဝန်ယူရမယ်? ဘယ်လိုမျိုးတာဝန်ယူစေချင်တာလဲ? လင်းရဲ့ ချစ်ခင်ပွန်းအနေနဲ့လား?"

လင်းရဝေ ဆွံ့အကာ အရှက်မရှိလွန်းသည့် မင်းထက်မြတ်ကိုကြည့်သည်။ သူ ဒီမင်းထက်မြတ်ကို ဘယ်လိုမျိုးစကားကောင်းကောင်းပြရမှာလဲ?!

"တိတ်စမ်း!"

လင်းရဝေ၏ ထအော်မှုကြောင့် မင်းထက်မြတ်ရယ်လေ၏။ ထို့နောက် လင်းရဝေလက်ကို အသာဆွဲကာ...

"သွားရအောင် ကျွန်တော်တို့ ဒီနားမှာကြာနေပြီ..."

အဆောက်အဦးမျက်နှာစာပေါက်ဖြစ်သော်ငြား ကျောင်း King/Queen ရွေးချယ်ပြီးသည့်အချိန်မို့ ပွဲစဉ်အကုန်လုံးနီးပါး ကုန်ဆုံးချိန်ဖြစ်ရာ ကျောင်းသားအတော်များများသည် ရှိမနေတော့ပေ။

"ဒါနဲ့ လင်းရဲ့သူငယ်ချင်းတွေကရော..."

မင်းထက်မြတ်သည် သူ့အန္တရာယ်ကောင်လင်းရဝေအပေါင်းအပါးများကိုမေး၏။ လင်းရဝေက မင်းထက်မြတ်ကို ဘာကြောင့်များ သူ့ဘော်ဒါများကို မေးရတာလဲဟူသည့် မျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့သည်။

"သူတို့က ကင်းလှည့်နေကြမှာပေါ့..."

"သြော်... ကင်းလှည့်နေတာ..."

White Lotus Senior & Wolf Junior [Original]Where stories live. Discover now