5

5.1K 964 72
                                    

Zawgyi
အပိုင်း- ၅: ရုပ်ပြတွေလျှော့ဖတ်မှဖြစ်မယ်။

မင်းထက်မြတ်သည် ပြောရလျှင်တော့ ၂၁ ရာစု၏ မင်းသားလေးတစ်ပါးအတိုင်းပင်။ အိမ်သည်ငွေကြေးကြွယ်ဝသည်။ လူသည် ရုပ်ရည်ချောမောသည်။ ဂရိမှစစ်သည်ရုပ်တုများအလားပင် တောင့်တင်းသည့်ကိုယ်ထည် ပြေပြစ်သည့်ရုပ်ရည်နှင့် အိမ်၏ ကြွယ်ဝမှုပေါင်းစည်းလိုက်ချိန်တွင် မင်းထက်မြတ်တစ်ယောက်အတွက် ဆိုးချင်တိုင်းဆိုး၍ရနေသည့် အနေအထားသို့ ရောက်သွားတော့၏။

အရာရာသည် သူ ရရှိရန်လွယ်ကူသည်။ ၁၅ နှစ်သားအရွယ်ကတည်းက မင်းထက်မြတ်ဟူသည့် ကောင်ဆိုးလေးသည် လူပျိုမဟုတ်တော့သည့် ချာတိတ်လေးတစ်ယောက်။ သူ့မိဘ၏ ကြွယ်ဝမှုကြောင့် သူ့ကိုချဉ်းကပ်သူများ များပြားသည်။ သူတို့လိုချင်သည်က မင်းထက်မြတ်ဟူသည့် ကောင်ကလေးထက် မင်းထက်မြတ်၏ နောက်တွင်ရှိနေသည့် မိဘများ၏ ပိုင်ဆိုင်မှုနှင့် အဆက်အသွယ်များ။

ထိုသို့ဖြင့် ထိုလူရွယ်လေးသည် အသက်နှင့်မလိုက်အောင်ပင် လူတို့၏ သဘောသဘာဝကို ကြုံတွေ့ဖူးသည့် သူ။ ထိုသို့ကြုံတွေ့ရခြင်းများမှ သူ ဘယ်သောအခါမှ မယုံကြည်သည်က ချစ်ခြင်းဆိုသည့် အရာတစ်ခု။

မှန်သည်။ သူသည် အချစ်ဆိုသည်ကို နည်းနည်းလေးမျှ မယုံပင်။ လူတို့သည် သာယာမှုနောက်သို့သာလိုက်ကြသည်ချည်းပဲလေ။ သူနှင့်အတူ အိပ်ပါရစေဆိုသည့် လူများသည်လဲ သူ့ကိုချစ်သည်ဆိုခြင်းထက် သူသာ ကျေနပ်လျှင် သူတို့အတွက်ရနိုင်မည့်အကျိုးအမြတ်ကိုသာ မျှော်ကိုးခြင်းပင်။

ချဉ်းကပ်လျှင်လူတို့သည် နည်းလမ်းနှစ်မျိုးကိုသုံး၍ချဉ်းကပ်ကြသည်။ သူတို့လိုချင်သည်ကို ပွင့်ပွင်းလင်းလင်းဖော်ပြ၍၊ နောက်တစ်နည်းက အလွန်ကိုဖြူစင်သည်မို့သူတို့ကိုကူညီသင့်သည်ဆိုသည့် နည်းလမ်းဖြင့်။ မင်းထက်မြတ်ကတော့ပထမလူအုပ်စုကို သဘောကျသည်။ ငါဒါလိုချင်တယ်... ငါ့ဘက်ကဒါပေးနိုင်တယ်ဆိုတာမျိုးက ပိုအဓိပ္ပာယ်ရှိတယ်လေ။ အိုး... ဒါလုပ်လိုက်ရင် ညစ်ညမ်းသွားပေမဲ့ မလုပ်ပြန်ရင်လဲ မရတဲ့အခြေအနေမို့ဟု ဆိုတဲ့သူတွေကိုတော့ သူ အထင်သေးသည်။ အလကားနေ အသနားခံလိုက်တော့ရော ဘာဖြစ်သွားမှာမို့လဲ။ မလုပ်ချင်ဘူးဆိုလျှင်လဲ အစောကတည်းက မလုပ်ပါနဲ့လား။

White Lotus Senior & Wolf Junior [Original]Onde histórias criam vida. Descubra agora