Zawgyi
အပိုင်း- ၂၁: ငါ လင်းနဲ့ရန်ဖြစ်ထားတယ်။"မင်းထက်မြတ် မင်း စာမကြည့်ဘူးလား..."
"ကျွန်တော် လင်းကို ကြည့်နေတယ်လေ..."
လင်းရဝေ သက်ပြင်းအရှည်ကြီးချကာ မင်းထက်မြတ်ကိုကြည့်သည်။ မင်းထက်မြတ်၏ နှုတ်ခမ်းတွင် အပြုံးချိုချိုသည် ခိုတွဲနေလျက်။
"ဒါနဲ့ လင်း..."
လင်းရဝေသည် မင်းထက်မြတ်ကိုကြည့်၏။ မင်းထက်မြတ်က ဘာကြောင့်များ သူ့ကိုကြည့်ရတာကို ဝါသနာထုံရတာလဲ။ တကယ်ဆိုသူကလဲ မင်းထက်မြတ်လောက်လဲ ကြည့်လို့ကောင်းတာမဟုတ်ဘဲနဲ့။ လူလစ်သည်နှင့် သူ့နားကပ်ရန်ကြံနေသည့် မင်းထက်မြတ်ကို လင်းရဝေ မျက်စောင်းထိုးသည်။
"ဝေးဝေးနေစမ်းပါ..."
"ဘာလို့လဲ ကျွန်တော် လင်းကိုဖက်ထားချင်တယ်..."
"မဖက်နဲ့..."
"လင်း အခုတလော ကျွန်တော့်ကို ရှောင်နေတယ်နော်..."
"မဟုတ်ဘူး..."
"ကောင်းပြီလေ ကျွန်တော် သွားတော့မယ်..."
"မင်းထက်..."
ထွက်သွားသည့် မင်းထက်မြတ်ကို လင်းရဝေသည် အသံတိုးတိုးလေးဖြင့် ခေါ်ရင်းကျန်ခဲ့ရရှာသည်။
>>>>><<<<<
"ငါ စိတ်တိုလာပြီ..."
တလောကလုံးသည် သူ့ကို စိတ်ဒုက္ခပေးနေသည်ဆိုသည့် အသံဖြင့် မင်းထက်မြတ်သည် စာကြည့်စားပွဲပေါ် ခြေထောက်တင်ကာ ခုံကိုနောက်မှီပြီး ရေရွတ်၏။
"အတန်းထဲမှာ မင်းဘယ်လိုထိုင်နေတာလဲ ခြေထောက်ချစမ်းပါ..."
စောရန်နောင်သည် အသံတိုးတိုးဖြင့် သတိပေး၏။ မင်းညီလာကတော့ သူ့ထုံးစံအတိုင်း သီချင်းဖွင့်ထားလား မဖွင့်ထားလား မသိသည့် နားကြပ်နှစ်ဖက်လုံးအား နားတွင်ထည့်ထားလေသည်။ သူ မင်းထက်မြတ်ကိစ္စကို နည်းနည်းလေးတောင် စိတ်မဝင်စားချင်ဘူး။
"မင်းညီလာ!"
မင်းထက်မြတ် မေးထောက်ကာကိုယ်နှင့်မဆိုင်သလို အရာရာကို ဥပက္ခာပြုကာ ကိုယ့်ကမ္ဘာနှင့်ကိုယ် (သူ့ကမ္ဘာထဲတွင် စိုင်းဇေယျတော့ပါသည်) နေစိမ့်လွန်းသော မင်းညီလာ ကို စိတ်မရှည်စွာ နားကြပ်ဆွဲဖြုတ်ကာ ဆောင့်အောင့်ခေါ်လိုက်တော့မှ ကိုယ်တော်ချောက မျက်ထောင့်ကပ်ကာ သူ့ကိုကြည့်လာ၏။ အမယ် ဒါတောင် ဒင်းက မေးထောက်မပျက်သေး။ မင်းညီလာ၏ ချေမိုးနေမှုကိုမင်းထက်မြတ် စိတ်တိုစွာသာ ကြည့်လေသည်။
YOU ARE READING
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.