Zawgyi
အပိုင်း - ၁၅: စီနီယာလိုချင်တာကို ပေးထားတာပဲ။
မနေနိုင်ရှာသည့် လင်းရဝေသည် မင်းထက်မြတ်ကို စောင့်နေခဲ့၏။ အတန်းလွှတ်သည့် အချိန်တွင် ပထမနှစ်များအနီးတွင် လင်းရဝေကို တွေ့ရသဖြင့် ပထမနှစ်အတော်များများသည် အံ့အားသင့်သွားရသည်။ သို့သော်လဲ ကျောင်း King/Queen Contest က နီးနေပြီမို့ လင်းရဝေက ယခုလိုလာခြင်းနှင့်ပတ်သက်ပြီး သူတို့စိတ်ထဲ အထူးတဆန်းဖြစ်မနေခဲ့။
"ကိုလင်းရဝေ..."
လင်းရဝေကိုတွေ့သည်နှင့် မင်းထက်မြတ်သည် အကွာအဝေးတစ်ခုတွင်ရပ်ကာ ပုံမှန်အတိုင်းသာ နှုတ်ဆက်၏။ မင်းညီလာနှင့်စောရန်နောင်နှစ်ဦးသားသည် လင်းရဝေကို နှုတ်ဆက်ကာ ထွက်သွားခဲ့ကြသည်။
"မင်းထက်မြတ်!"
လင်းရဝေ၏ အသံကခပ်ဆတ်ဆတ်။ ကျောင်းသား၊ကျောင်းသူအချို့သည် စူးစမ်းကြသော်လဲ မည်သူမျှ အကြာကြီးရပ်ကာ မစပ်စုရဲပေ။
"ဟုတ် အစ်ကိုလင်းရဝေ..."
မင်းထက်မြတ် ခပ်တည်တည်ပြန်ဖြေတော့ လင်းရဝေ မည်သည့်စကားဆိုရမှန်းမသိတော့...
"မင်း ငါ့နောက်ကလိုက်ခဲ့..."
သူ့လက်ကို မဆွဲရုံတမယ်ခေါ်သွားသည့် လင်းရဝေနောက်မှ မင်းထက်မြတ်လိုက်သွားခဲ့ဖြစ်သည်။ သူ့နှုတ်ခမ်းထက်တွင်တော့ ကျေနပ်ပြုံးတစ်ခု။
သူတို့နှစ်ဦးဖြတ်သွားသည်ကို မြင်လိုက်သည့် ကျောင်းသားသမဂ္ဂအုပ်စုထဲတွင် ယနေ့ ရဝေသော်လဲပါနေသည်မို့ ကိုယ့်အာရုံနှင့်ကိုယ်ထွက်သွားကြသည့် ကောင်လေးနှစ်ဦးကို သူမ လှမ်းခေါ်မည်အပြု သူမကို လှမ်းတားသည့် ဝေယံ။ ရဝေသော် မျက်လုံးထောင့်ကပ်ကာ ဝေယံကိုကြည့်သည်။
"မခေါ်နဲ့ မခေါ်နဲ့ ရဝေသော်..."
"အမ် ဘာလို့လဲ..."
"အဲ့ဒါက..."
ဝေယံသည် ခပ်တိုးတိုး ရဝေသော်နားအနားကပ်ကာ အတိုချုံးရှင်းပြ၏။ ရဝေသော်မျက်နှာထက်တွင် အနည်းငယ်အံ့အားသင့်မှုနှင့်အတူ မည်သို့မှတ်ချက်ပေးရမှန်းမသိသည့် အရိပ်တို့သည် ဖြတ်ပြေးသွားခဲ့သည်။
KAMU SEDANG MEMBACA
White Lotus Senior & Wolf Junior [Original]
RomansaA white lotus senior with his wolf junior who hate white lotus.