ငွေရောင်ရွှန်းလဲ့နေသော လမင်းကြီးဟာ လောကကြီးကို သူ့ရဲ့ အဖြူရောင်အလင်းတန်းတွေနဲ့ ဖြန့်ကျက်ထားလေသည်..
ဝရံတာ အကျယ်ကြီးနှင့် ကွန်ဒိုတစ်ခုထဲတွင် ဖျော့ဖျော့လေးသာကကျနေသော လရောင်လေးသာ အထီးကျန်စွာရှိနေတယ်.. လရောင်ငွေ့ငွေ့လေးအောက်မှာ ပြန့်ကျဲနေသော မှန်ကွဲစလေးများက တောက်ပလျက်..
စာရွက်တွေကလည်း စားပွဲပေါ်မှာသာမက ကြမ်းပြင်ပေါ်တွင်လည်း ဟိုတစ်ရွက် ဒီတစ်ရွက်နှင့်.. အလှဆင်ထားခဲ့သော ပန်းပွင့်လေးတွေက သနားစဖွယ် ကြေမွနေလေသည်..
ဝရံတာမှန်တံခါး၏ အပြင်ဘက်ရှိ လရောင်ကျလျက်ရှိသော ရေတံခွန်လေးဘေးတွင်...
ကျောက်တုံးသေးသေးလေးတွေ တံတားလေးတွေ သစ်ပင်ပုလေးတွေနဲ့ ရေတံခွန်သေးသေးလေးသဖွယ် အလှဆင်ထားသော စမ်းချောင်းလေးဘေးရှိ ခုံတန်းလေးပေါ်တွင် တစ်စုံတစ်ယောက်ထိုင်နေသည်..
အတိအကျဆိုလျှင် ကောင်လေးတစ်ယောက်...
ခေါင်းကို ငိုက်စိုက်ချထားရင်း စိတ်ထိခိုက်နေသည့်ဟန်ဖြင့် ခုံတန်းလေးပေါ်တွင် ထောက်ထားသော လက်တွေကို ခပ်တင်းတင်း အားပြုလျက်..
သူ့မျက်ဝန်းထဲမှာ မျက်ရည်စများနှင့်...
*^^ ဘာ! ဟင့်အင်း.. လုံးဝမဖြစ်နိုင်ဘူး.. ^^*
*^^ မပြောနဲ့!! ငါမကြားချင်ဘူး.. မင်းသတိထားစမ်းပါဦး.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!! ^^
ရက်စက်စွာ ပြောရက်ခဲ့သော စကားသံတို့က သူ့နားထဲတွင် အကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်လျက်...
သူ မျက်ရည်မကျမိအောင် လက်သီးဆုပ်လိုက်ရင်း အံကိုကြိတ်ထားလိုက်သည်..
^^ မင်းပျော်ရင် ငါ ကျေနပ်ပါတယ်.. ^^
မျက်ရည်တစ်စက်ကတော့ အတားအဆီးမဲ့စွာ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားလေသည်....
To Be Continued...
___________________________
A/N: If For You ကို တင်ပေးလိုက်ပါပြီနော်.. Wish ကိုလည်း အနော် မကြာခင် Update မှာပါ.. :-)
Thank you reader *bow 90°*
By HM Exo L
YOU ARE READING
If For You....
FanfictionWe are just friends... Can't you more than that? CB (Yaoi) *Baek နဲ့ Teyeon * caseဖြစ်တုန်းကရေးထားတဲ့ficလေးပါ အားလုံးက သာသာ့စိတ်ကူးသက်သက်ပါနော် ❤️