( ကိုယ်ပြောရအုန်းမယ်..ဒီအပိုင်းမှာလေ နည်းနည်းတော့ ရွှံဖို့ကောင်းတာပါတယ်သိလား.....အသဲနုတဲ့ကလေးလေးတွေ ကျော်ဖတ်ပေးပါနော်..အောက်ပိုင်းနားလေးမှာပါ.)
' အဟမ့်...host ရေ မှန်ကိုပဲငေးမနေနဲ့ တံခါးဘက်ကိုလည်းကြည့်လိုက့်အုန်း....'
အယ်...ဘယ်သူရောက်နေလို့လည်း..တံခါးဘက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုပြုးတူးပြဲတဲနဲ့ ကြည့်နေကြတဲ့လူတွေအများကြီးပဲ...ဘယ်သူတွေလည်းကွ...
' ၅လေးသူတို့ကဘယ်သူတွေလည်း...'
' အရှေ့ကတစ်ယောက်က ဗိလိန်ရဲ့ပါးပါး.. ဟွရီယမ်..'
' ဘာ.....'
ချီပဲသေပြီးလေ မြန်မြန်ထပြီး သူ့ကိုနှုတ်ဆက်မှ တော်ကြာငါ့ကိုအမြင်မကြည်ပဲ သတ်ရင် ဒုက္ခ...
ချီဝမ်သူကုတင်ပေါ်ကနေ မြန်မြန်သွက်သွက်နဲ့ ထလိုက်ပေမဲ့သူ့ရဲ့ခြေထောက်တွေက လဝက်လောက်ကုတင်ပေါ်မှာ နေလိုက်ရတဲ့အတွက် လှမ်းမလျှောက်နိုင်တော့ ကြွေပြားပေါ်ကိုခြေထောက်ထောက်လိုက်ပေမဲ့...အားမယူနိုင်လို့ ကြမ်းပြင်ပေါ်ကိုလှဲကြသွားတယ်...သူနာကျင်သွားတဲ့အတွက် အော်မိလိုက်တော့.. တံခါးပေါက်နားက ဗိလိန်ပါးပါးကချက်ချင်းသူ့အနားကိုပြေးလာက သူထလို့ရအောင်ထူပေးပြီး ကုတင်ပေါ်ကို တင်ပေးလိုက်တယ်...ပြီးတော့...
" မင်းအဆင်ပြေလား...."
ဒုတ်.. ဒုတ်...
ဘာကြောင့်ငါရင်ခုန်နေတာလည်း..မဟုတ်မှသူကရင်နှီးတဲ့ အငွေ့အသက်လေးလား...သူ..သူဖြစ်နိုင်တယ်ထင်တယ်....
ချီဝမ်ခုန်နေတဲ့ နှလုံးလေးကို လက်နဲ့ငြိမ်သွားအောင် ပုတ်လိုက်ပြီး.. အရှေ့ကမေးနေတဲ့ ဗိလိန်ပါးပါး ဟွရီကိုပြုံးပြပြီး..." ဘာမှမဖြစ်တော့ပါဘူး..သခင်ကြီး.."
သူပြုံးပြလိုက်တဲ့ အပြုံးကိုဟွရီ ငေးကြည့်နေမိတယ်...သူဒီကောင်လေးကို ပိုပြီးတော့တောင်အပိုင်သိမ်းချင်လာမိတယ်..." မင်းဘာမှမဖြစ်ရင်ကောင်းတယ်...မင်းသက်သာရဲ့လား...."
" သက်သာပါတယ်သခင်ကြီး..."
ဟွရီကခေါင်းညိမ့်ကာ...ဘာမှဆက်မပြောတော့ပဲ ချီဝမ်ကိုစိုက်ကြည့်လေတယ်..စိုက်ကြည့်ခံရတဲ့ ချီဝမ်ကတော့မျက်လုံးကနာမငြိမ်ပဲ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ လက်ကိုလည်းပွတ်နေရတယ်..စိတ်ထဲမှာလည်း..၅လေးကို....
YOU ARE READING
Arc-5( ချီဝမ်ရှန်း)
Romanceကိုယ့်ရဲ့ အကောင့်ထဲမှာ ကျန်တဲ့ Arcတွေရှိပါတယ်..ကြည့်ကြည့်ပါနော်... နာမည်အရင်းကျော်ဇေထက် လူမှားခံရပြီး ဓားထိုးခံရတဲ့သူပါ system ကြောင့်ဂေးရသူလည်း ဖြစ်တယ်