Arc-5.9

3.8K 445 20
                                    

နာမည်ကြီးဘားတစ်ခုတွေ ရောင်စုံမီးများလင်းထိန်ပြီး..သီချင်းသံများကလည်းကျယ်လောင်စွာ ဖွင့်ထားပြီး လူများကလည်း ကခုန်နေကြတယ်..သီချင်းသံနဲ့အတူစီးမျောကာကခုန်နေကြသည်..မိန်းကလေးယောကျာ်းလေး မခွဲခြားပဲ ပွတ်တီးပွတ်တက်နဲ့ ကနေကြတယ်....

ထိုဘားဟာသူဌေးသားသမီးတွေသာ အများဆုံးလာတဲ့ဘားဖြစ်တယ်...အရက်တွေအပြင် မူးရစ်ဆေးဝါးတွေတောင် ရနိုင်တယ်..ရဲတွေတောင်မှမထိရဲတဲ့ ဘားတစ်ခုဖြစ်တယ်...ဒုတိယထပ့်မှာ ကောင်လေးတစ်ယောက်ဟာ အောက်မှာကနေကြတဲ့သူတွေကိုကြည့်ပြီး ဝိုင်ခွက်လေးကိုကိုင်ကာ..

" သူတို့တွေမမူးဘူးလားမသိဘူး...ကြည့်နေတဲ့ငါတောင် မျက်စိနောက်တယ်....ပျင်းလိုက်တာ..."
အဲ့လိုပြောပြီး ထိုင်ခုန်လေးကိုမှီကာကြောင်ပေါက်လေးတစ်ကောင်လို့ ပျင်းရိနေတဲ့ပုံစံလေးပေါ်လေတယ်...သူ့ရဲ့အမူအရာလေးက ဘေးနားကသူတွေကို မကြည့်ပဲမနေနိုင်အောင် ဆွဲဆောင်ထားတယ်....

ထိုကောင်လေးကိုအိမ်ထဲမှာ ခေါ်မွေးချင်တဲ့စိတ်တောင်ရှိကြတယ်...ချစ်ဖို့ကောင်းလို့ မျက်လုံးလေးကသူများနဲ့မတူအောင် ခရမ်းရောင်လေး အသားကလည်းဖြူ ပုံစံလေးကလည်း ပျင်းနေတဲ့ကြောင်ပေါက်လေးတစ်ကောင်လို့ပဲ လက်တောင်ယားလာပြီး သူ့ရဲ့ဆံပင်လေးကိုလည်း ဆွဲဖွချင်လိုက်တာ...
ဖက်ချင်လာပြီနော်....

ပျင်းရိနေတဲ့ကောင်လေးကတော့ ချီဝမ်ပါပဲ..
ဘားထဲရောက်တော့သောက်စရာတွေ မှာပြီးလိုက်ကြည့်နေတာ ပျော်ဖို့များကောင်းမလားလို့ပေါ့..အရင်ကသူငယ်ချင်းတွေနဲ့လာတုန်းကပျော်ဖို့ကောင်းပြီး အခုကြတော့ပျင်းဖို့ကောင်းတယ်...ပြောနေရင်းနဲ့တကယ့်ကမ္ဘာသူတွေကိုတောင် သတိရလာပြီ...

သူစိတ်ညစ်နေတာကို၅လေးသိတော့...နှစ်သိပ့်ပေးလေတယ်..သူဆီကိုကောင်မလေးတစ်ယောက်ရောက်လာခဲ့တယ်....သူမော့ကြည့်လိုက်တော့..အဲ့ကောင်မလေးကတော်တော်ချော်တာပဲ ငါ့လိုမျက်လုံးလေးကလည်း ခရမ်းရောင်ပဲ ဘာကြောင့်မှန်းမသိဘူး..ရင်ထဲမှာစို့တက်လာတယ်...ငိုချင်သလိုမျိုးပေါ့...

သူကြောင်နေတုန်းသူ့ရဲ့ဝိုင်းမှာလာထိုင်ပြီး.. သူ့ကိုစိုက်ကြည့်နေတယ်...ဘာလည်းဟ ငါ့ကိုကြွေနေတာလား...
' host အဲ့ဒါဇာတ်လိုက်မ....'

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now