Arc-5.6

4.2K 388 9
                                    

ချီဝမ်နောက်ဆုံးတော့ ဆေးရုံကနေဆင်းခွင့်ရလေပြီ..သူဆေးရုံမှာတက်တုန်းက ဗီလိန်ပါးပါးရော ဗီလိန်ရော နှစ်ယောက်သားရောက်ချလာပြီး ဂရုတွေစိုက်ပြကြတယ်..ဟွရီငါ့ခေါင်းကိုကိုင်တိုင်း..ဟွရင်းကတော့ မျက်တောင့်နီနဲ့ကို စိုက်ကြည့်နေတာကြက်သိမ်းတောင်ထတယ်...

ဟွရီပြန်သွားရင် အမြဲတမ်းခေါင်းလျော်ပေးတယ်..ပြီးရင်သူ့ရဲ့ရင်ခွင်ထဲမှာနေရတယ်...ဒီကိုယ်က ကလေးမဟုတ်ပါဘူးနော်..လူသတ်နိုင်တဲ့ လူသတ်သမားလေးပါ... အဲ့ဒါကိုဘာလို့..ကလေးတစ်ယောက်လို ပြုစုနေကြတာလည်း....ဗီလိန်ကောင်ကပိုဆိုးသေးတယ်..ထမင်းကိုတောင်ခွတ်ကျွေးတာ ရေကိုလည်း သူကိုယ်တိုင်ချိုးပေးတယ်....

အဲ့ဒါကြောင့်ဆေးရုံကနေ မြန်မြန်ဆင်းချင်တာ ငါ့ကိုဆင်းစေချင်တာငါတစ်ယောက်ထဲမဟုတ်ဘူး..ဆရာဝန်တွေပါပါတယ်..ငါဆင်းလို့ရပြီးလို့ လာပြောတော့သူတို့မျက်နှာက ပျော်နေသလိုပဲ ငါ့အစားပျော်ပေးနေကြတာနေမယ်...ဆရာဝန်တွေရော သူနာပြုလေးတွေကပါ.. ထိုကောင်လေးဆေးရုံကဆင်းတဲ့ အထိန်းအမှတ်လေးတောင်လုပ့်ပေးချင်တယ်...

ပြန်မလာဖို့လည်းဆုတောင်းပါတယ်..ထိခိုက်ဒဏ်ရာတွေပါရရင်လေ တခြားဆေးရုံကိုပဲ သွားပါ..ဒီဆေးရုံစုတ်ပြတ်သတ်နေတာပဲသိလား...တခြားဆေးရုံကဒီဆေးရုံထက် ပိုကောင်းတယ်...

အခုအရေးကြီးတာက ငါ့ဘဝလေးကိုဘယ်သူ့လက်ထဲအပ်သင့်သလဲ ??
အခုငါ့ရှေ့မှာ ဗီလိန်ရော ဗီလိန်ပါးပါးရော နှစ်ယောက်စလုံးအကြည့်ချင်း စုံပြီးစစ်တိုက်နေတယ်..ငါဘယ်လိုလုပ့်သင့်သလဲ ဟွရင်းကသူနဲ့လိုက်ဖို့ပြောတော့... ဟွရီ(ဗီလိန်ရဲ့ပါးပါး)
ကလည်းသူနဲ့ လိုက်ဖို့ပြောနေတယ်...

ငါဘယ်ကိုရွေးရမှာလည်း ရင်းနှီတဲ့အငွေ့အသက်လေးကိုလား..စိတ်တဇကောင်ကိုလား...ငါ့ရဲ့အသက်လေးကိုဘယ်သူဆီပို့သင့်သလဲ.... ငါစဥ်းစားနေတုန်း နှစ်ယောက်သားရဲ့ အကြည့်တွေဟာ ငါ့ဆီကိုရောက်လာကြတယ်....😑😑😑

တောင်းပန်ပါတယ်..ရင်းနှီးတဲ့အငွေ့သက်လေးရေ ဒီတစ်ခါတော့မင်းကိုမရွေးနိုင်တော့ဘူး....

" သခင်ကြီး.. ကျွန်တော် သခင်လေးနဲ့ပဲလိုက်တော့မယ်...ကျွန်တော်ကို တကူးတကလာခေါ်ပေးတာကျေးဇူးပါ..."
လို့တရိုတသေပြောလိုက်တယ်.သူအဲ့လိုပြောလိုက်တော့ သခင်ကြိးဆိုတဲ့ တစ်ယောက်ကစိတ်မဆိုးပဲ...နားလည်ပေးတယ်...

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now