Arc-5.8

3.9K 488 18
                                    

အခုတလော ချီဝမ်ရဲ့ဘဝဟာအေးအေးချမ်းချမ်းလေးနဲ့ပဲ ဖြတ်သန်းနေရတယ်..သခင်ကြီးဆိုတဲ့သူကလည်း လူမသတ်ခိုင်းတော့ဘူး..ပြိးတော့အိမ်ထဲကအစေခံတွေရော ဂိုဏ်သားတွေရော ငါ့ကိုရှောင်နေတယ်..ငါစကားပြောရင် သူတို့ပြန်မပြောဘူး..မျက်လုံးကိုလည်း အသေမှိတ်ထားတယ်..ငါ့ကိုလည်းရှောင်ရှောင်သွားတယ်..

ဘာတွေဖြစ်နေတာလည်းကွ..ပြီးတော့ငါ့ကိုလည်း လွတ်လပ့်ခွင့်ပေးထားတယ်. အခုထိဇာတ်လိုက်မနဲ့လည်း မတွေ့သေးဘူး..ဗီလိန်နဲ့ ဇာတ်လိုက်မတို့တွေ့ရမဲ့ အချိန်ကကျော်သွားပြီတဲ့ ဒါလည်းကောင်းတာပါပဲ

ပြောမယ်သာပြောရတာ ဒီကမ္ဘာကိုရောက်တာ ပျင်းဖို့တော်တော်ကောင်းတယ်..စားမယ်သောက်မယ် အိပ့်မယ်..ပြီးရင်ဗိလိန်နားကပ်မယ်...ပြီးရင် ဗီလိန်ပါးပါးခေါ်တိုင်းသွားပြီ..သူ​ပြောတဲ့စကားတွေ နားထောင်ရနဲ့ ပျင်းဖို့တော်တော်ကောင်းတယ်...

တစ်ခါတစ်လေတွေးမိတယ်...ဟွရီကသူရောဟုတ်ရဲ့လားလို့...ငါ့စိတ်ထင်များလား...ဒါမဲ့သူ့အနားရှိရင် ရင်ခုန်တယ်...သူဖြစ်လောက်မှာပါ...အခုထိတော့ချီဝမ်ရဲ့ မိသားစုအကြောင်း အစနလေးနည်းနည်းတောင်မရဘူး...ဟူး...

ချီဝမ်အခုသူ့ရဲ့အခန်းထဲမှာ နံရံကိုအသုံးပြုပြီးဇောက်ထိုး ပုံစံနဲ့နေကာအကြံညဏ်များထုတ်နေလေတယ်...သူ့အသက်၆နှစ်မှာ သူအပြင်းဖျားပြီး အရင်ကအကြောင်းတွေကိုမေ့သွားတယ်..သူ့ကိုလမ်းဘေးမှာတွေ့တဲ့အတွက်ကြောင့်...ဟွရီကသနားပြီးခေါ်မွေးစားတယ်....

အဲ့နောက်ပိုင်းဟွရီကို နတ်ဘုရားတစ်ပါးလိုကိုးကွယ်ပြီး သူခိုင်းသမျှကိုလုပ့်ပေးတယ်..လူသတ်ပေးတယ်..သူငါ့ကိုဘယ်နေရာမှာကောက်ရလဲမေးရင်ကောင်းမလား..သွားမေးတာပဲကောင်းတယ်....

ဇောက်ထိုးပုံစံကနေ အတည့်ပြန်ပြောင်းကာ အီကျီကိုလည်း ပြန်ပြင်လေတယ်..တွန့်ကျေနေတဲ့နေရာကိုရောပေါ့..ပြင်ပြီးသွားတော့ ဟွရီကိုတွေ့ဖို့အတွက် အခန်းထဲကနေထွက်သွားလေတယ်...

ဟွရီကတော့သူ့ရဲ့အခန်းထဲမှာ ထိုင်ပြီးဆေးလိပ့်ကိုသောက်နေတုန်းအပြင်ကနေ တံခါးလာခေါက်တဲ့အတွက်ကြောင့် ဒေါသထောင်ခနဲထွက်သွားတယ်..သူအမုန်းဆုံးက သူဆေးလိပ့်သောက်နေတဲ့အချိန်လာ နှောက်ယှက်တာကိုပဲ သောက်နေတဲ့ဆေးလိပ့်ကိုမီးသတ်ပြီး...ဝင်ခဲ့ခိုင်းလိုက်တယ်...

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now