Arc-5.13

3.8K 381 19
                                    

နောက်တစ်နေ့မနက်ဟွရင်းသူနိုးလာတော့ သူ့ရဲ့ရင်ခွင်ထဲမှာ အိပ့်ပျော်နေတဲ့ ချစ်ရသူလေးကို ငေးကြည့်နေမိတယ်..သူအစကချီဝမ်ကို ကြည့်မရခဲ့ဘူး..ဒါပေမဲ့အခုတော့ ...
သူတွေးနေတုန်း..သူ့ရဲ့ရင်ခွင်ထဲက ချီဝမ်လေးလှုပ့်ရွလာပြီး...မျက်လုံးလေးဖွင့်ကာ သူ့ကိုငေးမျော်ကြည့်နေတယ်...

" Morning ပါ ချစ်လေး...."

သူအဲ့လိုနှုတ်ဆက်တော့ ချီဝမ်မျက်ရည်တွေကျဆင်းလာခဲ့တဲ့ အတွက်သူထ ထိုင်လိုက်ပြိး ချီဝမ်ကိုလည်း သူ့ရဲ့ပေါင်ပေါ်မှာ ထိုင်ခိုင်းကာ....

" ဘာဖြစ်လို့လဲ ဘယ်နေရာကနာနေလို့ပဲ...နာတဲ့နေရာတွေရှိလို့လား...."
ဟွရင်းကတော့ စိုးရိမ်ပူပန်ပြီး ချီဝမ်ကိုမေးခွန်းတွေ မေးလေတယ်...

တကယ်တော့သူငိုတာက အရင်ကမ်ဘာကိုသတိရသွားတာကြောင့်ပဲ ရင်းနှီးတဲ့အငွေ့အသက်လေးက ကမ်ဘာတိုင်းမှာ သူရှိနေတယ်...သူအရင်ကအကြောင်းကိုမမှတ်မိရင်တောင်မှ သူ့အနားကိုမရရအောင်လာတယ်..သူ့ကိုလည်းအရမ်းချစ်ပေးတယ်. သူသိချင်တာပေါ့..သူ့ရဲ့တကယ်ကမ်ဘာမှာ ရော်သူရှိနေမလားဆိုတာကိုပဲ...

" ကျွန်တော်ဘာမှမဖြစ်ပါဘူး....."

" အဲ့ဒါဆိုဘာလို့ငိုနေတာလည်း....."

" ပျော်လို့...."

" အယ်....."

" ပျော်လို့ ခင်ဗျားနားမှာ ကျွန်တော်နေခွင့်ရတာပျော်လို့ ငိုတာ....."

သူပြောပြီး ဟွရင်းရင်ခွင်လေးထဲမှာ နေနေလိုက်တယ်.ဟွရင်းကလည်း အလိုက်သတိနဲ့ ပြန်ဖက်ထားပြီး... သူတို့နှစ်ယောက်ရဲ့ ရှေ့ဆက်မဲ့ ခရီးကိုစဥ်းစားနေတယ်..သူကြောက်နေမိတယ်.ဟိုလူကြီးသူအနားကနေ ချီဝမ်ကိုခေါ်သွားမှာကိုပဲ....လူကြီးကသူလိုချင်တာကို မရရအောင်ယူတက်တယ်..

သူသာ ချီဝမ်ကိုငါ့အနားကနေ ခေါ်ထွက်သွားမယ်ဆိုရင်...အဲ့လူကြီးကိုသတ်ဖို့ဝန်မလေးဘူး...

" ဟုတ်သားကျွန်တော် မေးစရာရှိတယ်....."

" မေးလေ...."

" ကျွန်တော်ကိုမွေးစားတုန်းက ဘာတွေများထူးခြားသေးလည်း...အဲ့နေ့က သခင်ကြီး ဘာကိစ္စကြောင့်အပြင်သွားလည်း..သိလား..."

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now