Arc-5.11

3.8K 387 20
                                    

အခုဆိုရင်ဟွရင်းနဲ့ချီဝမ်ကတော့အဆင်တွေကိုပြေနေတာပဲ ရည်းစားလည်းဖြစ်သွားကြပြီ
အခုကားပေါ်မှာ ဟွရင်းကသူငယ်ငယ်ကအမေနဲ့ သွားစားနေကြစားသောက်ဆိုင်ကို ခေါ်သွားချင်တဲ့အတွက်သူကိုယ်တိုင်ကားမောင်းတယ်...ချီဝမ်ကတော့ကားမောင်သူရဲ ဘေးမှာထိုင်နေတယ်....

ဟွရင်းကားမောင်းနေတဲ့ပုံစံက လုံးဝကိုစွမ်းဆောင်မူ့ရှိတယ်..ကားမှန်ကိုချထားတော့နေရောင်က သူ့ရဲ့ဘေးမှာလင်းထိန်နေတယ်.. အီကျီကလည်းအဖြူရောင်လေး.လည်ပင်းနားကအီကျီကြယ်သီးနှစ်လုံးကိုလည်း ဖြုတ်ထားတယ်...ညှပ့်ရိုးကိုလည်း မြင်နေရတယ်..တမင်သတ်သတ်လုပ့်ထားတဲ့အတိုင်းပဲ...လည်ဇလုပ့်ကလည်းကြီးလိုက်တာ..ငါထက်....

ဘာကြောင့်ရေဆာနေသလိုခံစားရတာလည်း....တော်ပြီးသူ့ကိုမကြည့်တာကောင်းမယ်..မဟုတ်ရင်ငါခံနိုင်တော့မှာမဟုတ်ဘူး..တစ်ခုခုလုပ့်မိလိမ့်မယ်...ချီဝမ်ဟွရင်းက မကြည့်တော့ပဲ သူဘက်ကမှန်ဘက်ကိုလှည့်ပြီး အပြင်ကရူခင်းတွေကိုကြည့်နေလေတယ်..

ဟွရင်းကသူ့ကိုချီဝမ်လေးစိုက်ကြည့်နေတယ်..ဆိုတာသိတယ်..တမင်းသတ်သတ်ကိုစွမ်းဆောင်ပြတာ..သူသတွေးမြိုချတဲ့ အသံတောင်ကြားရတယ်...ရယ်ချင်စိတ်ကိုလည်းမနဲ အောင့်ထားရတယ်...တစ်ယောက်ထဲပွစိပွစိပြောနေတာ...ချစ်ဖို့လည်းအရမ်းကောင်း..

နှစ်ယောက်သားဘာမှမပြောပဲ စားသောက်ဆိုင်ကိုမောင်နှင်လေတယ်...
စားသောက်ဆိုင်ကအိုဟောင်းနေပေမဲ့ သူတို့ကားရပ်တဲ့နေရာကနေကို အနံလေးကဆွဲဆောင်နေတယ်...ဟွရင်းချီဝမ်ကိုခေါ်ပြီး စားသောက်ဆိုင်ထဲဝင်လာတော့ လူတွေတစ်ယောက်မှမရှိပေ...စာပွဲထိုးတစ်ယောက်တောင်မတွေ့ဘူး....

ခဏနေတော့ ဟွရင်းသူရောက်နေတယ်လို့ အသံပေးလိုက်တော့ မီးဖိုခန်းထဲကနေ အဘိုးအိုစုံတွဲနှစ်ယောက်ထွက်လာခဲ့တယ်...ဟွရင်းကိုမြင်ရော ပြေးဖက်ကြတယ်...သူဘာလို့မလာတာလည်း..ကျန်းမာရေးကောင်းရဲ့လားလို့ အဆက်မပြတ်ကိုမေးနေကြတယ်.ချီဝမ်ကိုရှိတယ်လို့တောင်မထင်ဘူး.....

ဟွရင်းသူရည်းစားပါတယ်လို့ပြောလိုက်တော့..အဘိုးအိုစုံတွဲနှစ်ယောက် အဲ့အခါမှချီဝမ်ကိုမြင်ကာ နှုတ်ဆက်ကြတယ်...သူတို့ထိုင်ဖို့နေရာကိုလည်း လိုက်ပို့ပေးပြီး စားမဲ့ဟာတွေကို မြန်မြန်ယူလာပေးမယ်လို့ ပြောပြီး အဘိုးနှစ်ယောက်လုံး မြန်မြန်ထွက်သွားကြတယ်...ချီဝမ်ကတော့ ဘာမှနားမလည်လိုက်ပဲ ကြောင်ကြည့်နေတယ်...ဟွရင်းအဘိုးအိုနှစ်ယောက်ရဲ့ အကြောင်းရောသူဒီမှာလာစားနေကြဆိုတာကို ရှင်းပြတယ်....

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now