အမည်မသိကောင်လေး ဆီသို့

3.4K 271 7
                                    

( ကိုယ်မနေ့ကတင်တဲ့ system ထဲသိုပြန်လည်ရောက်ရှိခြင်း ဆိုတဲ့ဟာလေးလေး အဲ့အောက်ပိုင်းနားလေးကို ကိုယ်ပြန်ဖြတ်ထားတယ်...ကိုယ့်ရဲ့သယ်ချင်းလေးက သဘာဝလွန်တွေ ထည့်မရေးပါနဲ လို့ပြောလို့ပါ သူကဒီတိုင်းလေးပိုကောင်းတယ်တဲ့ အဲ့ဒါကြောင့်ကိုယ်ပြန်ဖြတ်လိုက်တယ်...စိတ်ညစ်သွားရင် တောင်းပန်ပါတယ်😅😅😅)

ကျွန်တော်မျက်လုံးဖွင့်လိုက်တော့ ကုတင်ပေါ်မှာအိပ့်နေတာကို တွေ့လိုက်ရတယ်..ကျွန်တော်သိသလောက် ကျွန်တော်ဟာ သခင်ကြီးပစ်လိုက်တဲ့ သေနတ်ကြောင့်သေသွားရတာကိုပဲ အမှောင်ထဲကနေ သခင်ကြီးဟာ သခင်လေးဟွရင်းကို သေနတ်နဲ့ပစ်လိုက်တော့ ကျွန်တော်ဝင်ခံလိုက်တယ်.....

ကျွန်တော်စဥ်းစားလို့မရခဲ့ဘူး...ဘာကြောင့်သခင်ကြီးက သခင်လေးဟွရင်းကို သတ်တာလည်းဆိုတာ..ပြီးတော့ ကျွန်တော်ရဲ့မိဘတွေဟာဘယ်သူလည်း ဆိုတာသိလိုက်ရတယ်..ဟွရင်းနားကို အကြံနဲ့ကပ်တဲ့သူမဟာ ကျွန်တော်ရဲ့အမဆိုတာသိလိုက်ရတယ်...လူတစ်ချို့ကပြောတယ်..မသေခင်အရင်ကအကြောင်းတွေ မြင်ရတယ်တဲ့ တကယ်ပဲလား....

ကျွန်တော်လဲကျသွားတဲ့အချိန် သခင်လေးဟွရင်းက ကျွန်တော်ကိုမအိပ့်ဖို့ ပြောနေတယ်..ဒါပေမဲ့ကျွန်တော်အရမ်းပင်ပန်နေပြီး အမှောင်ထဲက သခင်ကြီးကိုကြည့်လိုက်တော့ သူ့ရဲ့မျက်နှာဟာ မယုံကြည်နိုင်မူ့တွေ မြင်တွေ့ခဲ့တယ်..သူ့ရဲ့လက် တုန်နေတာကိုလည်းတွေ့ခဲ့တယ်...ကျွန်တော်နောက်ဆုံးတော့ ချစ်ရတဲ့သူရဲ လက်နဲ့သတ်တာကို ခံခဲ့ရတာပဲ...
ကျွန်တော်ပင်ပန်းနေပြီ အိပ့်သင့်နေပြီမဟုတ်ဘူးလား....

ဒါပေမဲ့ ကျွန်တော်ပြန်နိုးလာတော့ ဘာနာကျင်မူ့မှ မခံစားရဘူး..တစ်ခုပဲရှိတယ်..ကျွန်တော်ရဲ ကိုယ်ကထွားလာတာလား....နောက်ဘဝတစ်ခုကိုရောက်သွားတာလား...ကျွန်တော်ရဲ့ကိုယ်ကိုလှည့်ကြည့်လိုက်တော့ ခနွာကိုယ်တစ်ခုလုံးက ထွားကြိုင်းနေတာပဲ အယ်..ကမ္ဘာကြီးတစ်ခုလုံးက ဘာတွေဖြစ်သွားတာလည်း...

မျက်နှာကတခြားသူလိုများ​ဖြစ်နေမလား....ဘေးနားကဖုန်းလေးကို ကောက်ယူပြီး ကင်မရာကိုဖွင့်လိုက်တော့ ကျွန်တော်မျက်လုံးပြုးသွားတယ်...ပုံက ကျွန်တော်ပုံပဲ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်မဟုတ်ဘူး အသက်၄၀ ကျော်လောက်ရှိတယ်...ကျွန်တော်ခဏလေးပဲ အိပ့်လိုက်တာပါ ဘာတွေဖြစ်သွားတာလည်း.....

Arc-5( ချီဝမ်ရှန်း)Where stories live. Discover now