Unicode 🦋
ကြောက်စရာကောင်းသည့်အိပ်မက်ဆိုးကနေ ချွေးသံတရဲရဲနဲ့လန့်နိုးလာသည်က ကိုးငယ်
လူတစ်ယောက်က အမှောင်ခန်းထဲမှာ ပိတ်လှောင်ပြီးကိုးငယ်ကို ရိုက်နှက်နေသည်တဲ့လား
ထိုလူရဲ့မျက်နှာဟာ ထင်ရှားစွာမြင်ရခြင်းမရှိပေမယ့် ဘယ်သူမှန်းကိုးငယ်သိရတာမို့ ရွံရှာမုန်းတီးမိသည်
ကြောက်စရာအတိတ်ဆိုးတို့က ယခုထိခြောက်
လှန့်နေစဲပင်ပြန်လည်အိပ်မပျော်နိုင်တော့တဲ့ကိုးငယ်မှာ ခြံထဲကဒန်းလေးဆီသာထွက်လာခဲ့လေသည်
လရောင်ကွေးကွေးနဲ့ တလက်လက်ထနေတဲ့ကြယ်လေးတို့အား ငေးမောကြည့်နေမိသည်မှာ
အကြောင်းအရာမဲ့စွာဘဝ......
ကိုးငယ်ရဲ့ဘဝက တလက်လက်အရောင်ထနေတဲ့
ကြယ်တွေကြားက ဘာအဆင်းမှမရှိသော
ဖျော့တော့တော့ကြယ်ငယ်လေးတစ်လုံးလိုပင်ဘယ်အချိန်ကြွေမည်မသိ ရှိသမျှခွန်အားလေးနဲ့
အကောင်းဆုံးတောက်ပပေးနေတဲ့ ကြယ်မှိန်လေးတစ်လုံးငေးကြည့်မယ့်သူမရှိ ဖေးမပေးမယ့်သူမရှိ
ကိုယ်ထူကိုယ်ထရှင်သန်ခဲ့ရသည်မှာ အတိုင်းအတာတစ်ခုတောင် ကျော်လွန်လာခဲ့ပြီမဟုတ်ပေလား******************
အိပ်မပျော်သေးတာကြောင့် ဆေးပြင်းလိပ်ကိုဖွာရင်း ဝရံတာဘက်ကိုထွက်လာတဲ့မင်းယံ
ခြံထဲအကြည့်ရောက်မိလေတော့ ဒန်းလေးပေါ်မှာထိုင်လျက်သား ကောင်းကောင်ကြီးကိုမော့ကြည့်နေတဲ့ကောင်ငယ်လေး
ကလေးငယ်ရဲ့မျက်ဝန်းအစုံဟာ ဝမ်းနည်းရိပ်တွေသန်းနေသည်ကိုတော့ သူမြင်ဖြစ်အောင်မြင်လိုက်သေးသည်ရုတ်တရက် ဝင်လာတဲ့ဖုန်းကြောင့် အကြည့်တို့ကိုလွှဲရင်းမှ
"အင်း..မိုးဝေပြော..."
"ကိုယံ ကျနော်တို့ဆိပ်ကမ်းကိုရောက်နေပါပြီဝယ်လက်တွေတော့ရောက်မလာသေးဘူး
ဒါပေမယ့်နောက်ရောင်ခံလိုက်နေတာတွေရှိတယ်...""ရှိနေရင်ရှင်းပြစ်လေ တစ်ယောက်မှအရှင်မထားနဲ့ လာရှုပ်ရင်ရှုပ်ရဲတဲ့ကောင်ကိုသတ်လက်စလက်နအကုန်ဖျောက်လိုက်... ''
YOU ARE READING
Coe Coe🦋( Completed )
Romanceရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ