Part22 🦋

11.3K 905 9
                                    

Unicode 🦋

"ဦး...ကိုးကိုကယ်ပါအုံး ဦး..အဟင့်... ''

ကလေးငယ်ရဲ့နောက်ကိုပြေးလိုက်ချင်ပေမယ့်
လှုပ်လို့မရတဲ့ ခြေထောက်တွေကြောင့် မင်းယံငိုကြွေးနေရင်း ရုန်းကန်နေမိတယ်

တဖြည်းဖြည်း ဝေးကွာသွားတဲ့ ဖြူလွှလွှအရိပ်လေးကို ငေးကြည့်ရင်းသာကျန်နေခဲ့တဲ့ မင်းယံ

"ကလေး...ကလေး...ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ ကလေး..."

သူဘယ်လောက်ပဲအော်ခေါ်နေပါစေ ပျောက်ချင်းမလှပျောက်သွားပြီဖြစ်တဲ့ ချစ်ရသူအရိပ်လေး

ရင်ထဲပူလောင်လွန်းတာကြောင့် မျက်ရည်များပင်ကျလာရပြီ

မိုးဝေမှာထိုင်စောင့်နေချိန် လှုပ်ရှားလာတဲ့မင်းယံကြောင့် လူနာတင်ခုံနားအပြေးသွားပြီး

"ကိုယံ...ကိုယံ..''

နားထဲ စူးရှစွာဝင်ရောက်လာတဲ့ မိုးဝေအသံ
ကြောင့် မင်းယံမျက်လုံးအစုံတို့ ပွင့်လာခဲ့ပြီ

"ကိုယံ...ကိုယံသတိရလာပြီလား...''

သူ့ကိုကြည့်နေရင်း ပျော်ရွှင်နေတဲ့မိုးဝေမှာလည်း မျက်ရည်များပင် ဝဲနေပြီ

"ကလေး ဘယ်မှာလဲ...''

မာနေတဲ့အသံမဟုတ်ပဲ..လေသံဖျော့ဖျော့ဖြစ်နေပေမယ့် အမိန့်ဘက်ကိုဆန်နေတဲ့အသံ

မင်းယံမေးခွန်းကြောင့် မိုးဝေဖြေရခက်နေပြီ

"​ငါမေးနေတာဖြေ ကလေးဘယ်မှာလဲ...''

တင်းမာနေတဲ့အသံကြားလာမှ မိုးဝေ သက်ပြင်းချလိုက်ရင်း

"ကိုယံ သတိမေ့နေတာ ၂ ပတ်ကျော်နေပြီ
ကျနော်တို့အဲ့နေ့ထဲက ကိုးလေးကိုရှာမတွေ့သေးဘူးကိုယံ...နောက်ပြီး...''

"နောက်ပြီး..ဘာဖြစ်လဲ.. ''

မင်းယံရဲ့နထင်ရိုးများတင်လာကာ မေးရိုးများထောင်တတ်လာလေပြီ

မင်းယံဘယ်လောက်တောင် ဒေါသထွက်လာပြီဆိုတာ မိုးဝေသိလိုက်ရတာမို့

"မမိုးမခလည်း ပျောက်နေတယ်..''

သူ့ရဲ့စကားအဆုံး မင်းယံတစ်နေရာရာကိုသာငေးကြည့်နေရင်း

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora