Unicode 🦋
ဒီနေ့လေးက ကိုးငယ်ရဲ့ဘဝမှာအပျော်ဆုံးနေ့
တစ်နည်းအားဖြင့် ဦးနဲ့ကိုးငယ်ရဲ့ လက်ထပ်ထိမ်းမြားတဲ့နေ့လေးတစ်နေ့
အကျယ်မချဲ့ချင်ဘူးလို့မှာထားတာကြောင့် ကိုးငယ်ရဲ့သဘောအတိုင်း နှစ်ဦးသဘောတူစာချူပ်လေးမှာ လက်မှတ်ရေးထိုးလိုက်ပြီး ဦးရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ကိုသာဖိတ်ပြီး လက်ထပ်ပွဲကျင်းပပေးခဲ့သည်
လူတွေသိမှာကြောက်လို့လားဆိုရင် ကိုးငယ်ကမဟုတ်ဘူးလို့ငြင်းလိုက်ချင်သည်
ကိုးငယ်နဲ့ဦးကြား မမြင်နိုင်တဲ့အတားအဆီးတွေရောက်လာခဲ့မှာမျိူး ကိုးငယ်မလိုချင်ခဲ့ပါ
တစ်ကိုယ်ကောင်းဆန်တယ်လို့ပြောချင်ပြောကြပါစေ ကိုးငယ်ရဲ့ဖြစ်တည်မှုအားလုံးကို ဦးတစ်ယောက်တည်းဆီပဲ အပိုင်ပေးထားချင်သည်
ဦးရဲ့မျက်ဝန်းထဲကပျော်ရွှင်မှုတွေကို ဘေးနားကကြည့်နေရတဲ့ကိုးငယ်မှာ အတိုင်းသားမြင်နေရတယ်
သူ့ရဲ့မိတ်ဆွေတွေနဲ့စကားပြောနေပေမယ့်
ကိုးငယ်ရဲ့လက်လေးကို.လှမ်းလှမ်းယူပြီးခဏခဏနမ်းနေတဲ့ဦးကို သူ့ရဲ့မိတ်ဆွေတွေကပင်စကြကုန်ပြီ"အဟမ်း..လူအိုကြီးတစ်ယောက်ကတော့နုနုထွတ်ထွတ်ကလေးလေးကို..ရှာယူထားပြီးအဖြစ်တွေသည်းပြနေပြန်ပါပြီကွာ"
ကိုးငယ်လေးမှာရှက်လွန်းတာကြောင့် ခေါင်းလေးပင်မဖော်ရဲတော့ပါ
ကိုးငယ်ကိုကြည့်ပြီးသဘောကျနေတဲ့ ဦးကရယ်ရယ်မောမောနဲ့ အပြုံးမပျက်
"ဟျောင့်တွေ...စတာကလည်းကြည့်စပေါ့ကွာ..ငါ့ကလေးလေးကရှက်နေပြီ နောက်ပြီးငါ့အသက်က၂၇ ပဲရှိသေးတယ် အိုစရာအကြောင်းတစ်ကြောင်းမှမရှိဘူး.."
"ဟားဟားဟား အေးပါကွာ..."
အပေါင်းအသင်းတွေနဲ့စနောက်ပျော်ပါးနေတဲ့
ဦးအနားလေးကို ကိုးငယ်ခေါင်းလေးလှမ်းတိုးလိုက်ရင်း"ဦး..ကိုးမမဆီခဏသွားအုံးမယ်နော်.."
ကိုးငယ်လေးမှာပြောဆိုရင်း တဖက်ဝိုင်းမှာထိုင်နေတဲ့ပိုးသားရှိတဲ့ဆီကိုညွှန်ပြလေသည်
STAI LEGGENDO
Coe Coe🦋( Completed )
Storie d'amoreရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ