Part 6 🦋

13.5K 1.2K 28
                                    

Unicode 🦋

"မောင်....''

ရုံးခန်းထဲ မှာစာရင်းတွေစစ်​​​နေချိန်
တစ်စုံတစ်ယောက်ဝင်လာတာသိပေမယ့် မင်းယံမော့မကြည့်အားပါ
သူ့ရှေ့မှ တောင်လိုပုံနေတဲ့စာရွက်တွေကြား
နေ့လည်၂နာရီကျော်ထိ ထမင်းပင်မစားရသေး

ရုတ်တရက်မောင်ဆိုတဲ့နာမ်စားလေးကြားမှ
သူခေါင်းထောင်ကြည့်လိုက်မိသည်

"ဟင်ခ...ဘယ်တုန်းကပြန်ရောက်တာလဲ..."

"မောင့်ကိုsupriseလုပ်ချင်လို့လေ အခုပဲပြန်လာတာမောင်ရဲ့..."

"ခရယ်...မောင့်ကိုပြောပါလားမောင်လာကြိုမှာပေါ့..."

"မောင်ကလည်းကွာ အခုပဲမောင့်ဆီရောက်နေပြီပဲဟာ...မောင်ခကိုမလွမ်းဘူးလားဟင်..."

သူ့ကိုသိုင်းဖက်လာရင်းပြောလာတဲ့မိုးမခက အရင်တိုင်းလေး ချွဲနေတုန်း

မင်းယံကိုယ်တိုင်လည်း မိုးမခရဲ့ ခါးသိမ်သိမ်လေးကို ပြန်ပွေ့ဖက်လိုက်သည်

"လွမ်းတာပေါ့ခရယ်..."

"ခ..မိုးကုတ်ကိုမပြန်ဘူးနော်မောင်..မောင့်အိမ်မှာပဲနေမယ့်အကြောင်းဒယ်ဒီတို့ကိုလှမ်းပြောပြီးပြီ.."

"ခသဘောကွာ...အဲ့ဒါဆိုခအရင်ပြန်နားနှင့်လိုက်လေ...မောင်ကအစည်းဝေးရှိသေးတယ် ပြီးတာနဲ့မောင်တန်းပြန်လာခဲ့မယ် အခုတော့ မိုးဝေနဲ့ပြန်
နှင့်လိုက်.."

"မိုးဝေပြန်ရောက်နေတာလား...သူပြန်ရောက်နေတာ ရက်အနည်းငယ်လောက်ပဲရှိသေးတယ်

"ဟုတ်တယ်ခရဲ့သူနဲ့ပြန်လိုက်နော်..."

"Okမောင်...အစည်းအဝေးပြီးတာနဲ့တန်းပြန်လာခဲ့နော်...ခစောင့်နေမယ်...''

"ဟုတ်ပါပြီကွာ.... ''

"ချစ်တယ်မောင်..."

မင်းယံပါးကိုနမ်းလိုက်ပြီးပြန်ထွက်သွားတဲ့မိုးမခ
လှည့်ထွက်သွားတဲ့ကျောပြင်လှလှကိုကြည့်ရင်း
မင်းယံတစ်ချက်ပြုံးလိုက်မိတယ်
သူဘာကြောင့်ပြုံးလိုက်တယ်ဆိုတာတော့ သူကိုယ်တိုင်ပဲသိနေလိမ့်မည်

"မိုးဝေ ခပြန်လာတာတွေ့တယ်မို့လား သူ့ကိုအိမ်ပြန်ပို့ပေးလိုက် ငါဒီကကားတစ်စီးနဲ့ပြန်လာလိုက်မယ် မင်းငါ့ကိုလာပြန်မကြိုတော့နဲ့..."

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora