Unicode 🦋
"ကြီးနု လိုအပ်တာတွေရောအကုန်ပါရဲ့လား...''
"ပါတယ်သားယံ...ကြီးနုအကုန်ထည့်ပြီးပြီ...''
"အဲ့ဒါဆိုကြီးနုနဲ့ ဦးသောင်းက ရောင်နီတို့ကားနဲ့လိုက်ခဲ့လိုက် ကျနော် မိုးဝေတို့လင်မယားနဲ့၁ စီးသွားလိုက်မယ်...''
"ဟုတ်ကဲ့သားယံ...''
မနက်ဖြန်ဟာ ကလေးငယ်ဆုံးတာ၂နှစ်နဲ့၃ လ
ပြည့်နယ်ကျတဲ့အရပ်လေးမှာ ကလေးငယ်အတွက် အလှူအတန်းသွားလုပ်ပေးဖို့ ပြင်ဆင်နေကြခြင်း
"ပိုး..ကိုယ်မင်းကိုခဏခဏပြောတယ် ပြာတာပြာတာမပြေးပါနဲ့လို့..ဗိုက်ထဲကကလေးတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ...''
"ဘာမှမဖြစ်ပါဘူးဆို ကိုယ်ကလည်း..''
အိမ်ထဲကနေ စကားများရင်းထွက်လာတဲ့ သူတို့၂ ဦးကိုကြည့်ရင်း မင်းယံခေါင်းတယမ်းယမ်း
"မင်းတို့၂ ယောက်စကားပဲများနေတော့မှာလား
ရောင်နီတို့ထွက်သွားတာကြာလှပြီ ဒီနေ့ထွက်ရပါ့မလား...''စိတ်မရှည်စွာပြောလာတဲ့ မင်းယံစကားကြားမှ
မျက်နှာချိူသွေားလာတဲ့၂ယောက်"ဟီး...ကိုယံကလည်းအခုသွားတော့မှာပါ.. ပိုးတတ်...''
သူတို့၂ ဦးပြုံးစိစိဖြစ်နေတာကို မင်းယံကြည့်ရင်း
သက်ပြင်းသာချလိုက်မိတယ်!တကယ့်မနိုင်စိန်တွေ လက်ထပ်ပြီးနောက်ပိုင်းမှ
အပြိုင်အဆိုင်ကလေးဆန်ကြပါရောလား!**********************
လမ်းမကျယ်ကြီးရဲ့ထက် တရိပ်ရိပ်ပြေးနေတဲ့ကားလေးပေါ်မှာ လည်ပင်းက ဆွဲကြိုးလေးနဲ့အတူ တွဲဝတ်ထားတဲ့ လက်စွတ်လေးကို နမ်းနေရင်း အပြင်လောကကြီးကို အဆွေးရိပ်တွေနဲ့
ကြည့်နေတဲ့မင်းယံ!ဒီအချိန် ကိုယ့်သဲငယ်လေး ဘယ်ဆီမှာများရှိနေပြီလဲ!
သူ့အဖြစ်ကို နောက်ကြည့်မှန်ကနေ တစ်ချက်တစ်ချက်လှမ်းကြည့်နေကြတဲ့ ပိုးသားနဲ့မိုးဝေ
စိတ်မကောင်းနိုင်!ကိုးလေးဆုံးပြီးကတည်းက တည်ငြိမ်သွားတဲ့ကိုယံက အရင်အချိန်တွေကို ပြန်ရောက်သွားသလိုပင်!
YOU ARE READING
Coe Coe🦋( Completed )
Romanceရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ