Unicode 🦋
အတိတ် (သို့) တစ်ချိန်ကနေ့ရက်များ
"မင်းလာခဲ့စမ်း...''
"အား...ကိုကိုသားလက်နာတယ် သားကိုလွှတ်ပေးပါ...အီးဟီး..."
လက်ကိုတင်းကျပ်စွာဆွဲရင်း ဂိုဒေါင်ဘက်ကိုဦးတည်နေတဲ့ဇယျာန်မင်းသစ်ကြောင့်
ကိုးငယ်မှာ ကြောက်ရွံ့စွာ"ငါ့ခွင့်ပြုချက်မရပဲ ငါ့ဆီကနေထွက်ပြေးချင်နေတယ်ပေါ့လေ မင်းငါ့အကြောင်းသိစေရမယ်
ကိုးကိုး "ကြောက်စရာကောင်းလွန်းတဲ့ ကိုကို့မျက်နှာ
ကြောင့် ကိုးငယ်လေးငိုနေယုံကလွဲပြီးဘာမှမတတ်နိုင်ဂိုဒေါင်ထဲရောက်တော့ ကိုယ်ကိုပစ်တွန်းလိုက်ရင်းခါးပတ်ကိုချွတ်လိုက်ကာ ကိုးငယ်ရဲ့ခြေဖွေးဖွေးလေးနှစ်ဖက်ကို သွေးများရွှဲလာသည်ထိရိုက်နှက်နေတဲ့ဇယျာန်
"ကိုကိုသားကိုမရိုက်ပါတော့နဲ့ သားအရမ်းနာလို့ပါသားထွက်မပြေးတော့ဘူး..အီးဟီး သားကိုခွင့်လွှတ်ပေးပါ...
အီးဟီး.... "ငိုနေရင်း လက်အုပ်လေးချီကာတောင်းပန်လာတဲ့ကလေးငယ်မှာ မျက်ရည်အရွှဲသားနဲ့သာ
"နောက်တစ်ခါထွက်ပြေးကြည့်စမ်းပါ
မင်းအသက်ကိုပါအသေသတ်ပစ်မယ်...""ကိုကိုဘာလို့လက်ထပ်လိုက်တာလဲ အီးဟီး ကိုကိုပြောတော့လက်မထပ်ဘူးဆို သားနဲ့ပဲနေမှာဆို ကိုကိုဒီနေ့တခြားသူနဲ့လက်ထပ်ခဲ့တယ်...အီးဟီး... "
ရှိုက်ရင်းငိုနေတဲ့ကလေးငယ်ကိုသနားမိပေမယ့်
အလျှော့ပေးလို့တော့မဖြစ်"လက်ထပ်တော့ဘာဖြစ်လဲ ငါ့ဘဝကိုဘာမှဝင်စွတ်ဖက်နေစရာမလိုဘူး မင်းသိထားရမှာကမနက်ဖြန်ကစပြီး သူဒီအိမ်ပြောင်းလာမှာ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ မင်းနဲ့ငါ့အကြောင်းလည်းသူအားလုံးသိထားပြီးသား"
"အဟင့်...ကိုကိုဘာလို့သားအပေါ်အဲ့လိုလုပ်ရပ်ရတာလဲ..."
"စောက်ပါးစပ်ပိတ်ထားစမ်းပါ... မင်းဒီမှာပဲနေရမယ်.."
ဇယျာန့်စကားကြောင့် ကိုးငယ်လေးလန့်သွားမိသည်
"ဟင်အင်း သားကိုဒီအခန်းထဲမှာမထားခဲ့ပါနဲ့
သားကြောက်လို့ပါ ကြိုက်တဲ့အပြစ်ပေးပါ သားခံပါ့မယ်ကိုကိုရယ် သားကိုတော့ဒီမှာမထားခဲ့ပါနဲ့အီးဟီး... "
YOU ARE READING
Coe Coe🦋( Completed )
Romanceရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ