Part 14 🦋

13.5K 1K 13
                                    

Unicode 🦋

"ရေး.. ဦးပြန်လာပြီ.... "

ခြံထဲဝင်လာတဲ့ကားလေးကိုကြည့်ရင်း ခုန်ပေါက်ပြီးပျော်ရွှင်နေတဲ့ကိုးငယ်မှာ ကလေးငယ်လေးတစ်ယောက်လိုပင်

ကားထဲကနေ ကလေးငယ်ကိုလှမ်းကြည့်နေတဲ့ မင်းယံရင်ထဲ ပူပန်မှုတွေကအပြည့်

ခရမ်းရောင် အိမ်နေရင်းဝတ်စုံလေးကို အပေါ်အောက်ဆင်တူလေးဝတ်ထားပြီး မျက်လုံးနားလေးထိဝဲကျနေတဲ့ဆံသားလေးတွေက နူးညံ့နေသယောင်...

!အဲ့လောက်ထိတောင်ချစ်ဖို့ကောင်းနေရသလားကွာ..ကိုယ်ဘယ်လိုလုပ်ပြီး မင်းလေးကို
အဆုံးရှူံးခံနိုင်ပါ့မလဲယခလေးရာ!

"ဦး...''

ကလေးငယ်အသံကြားခါမှ မင်းယံအတွေးတို့ရပ်တန့်သွားပြီးသတိပြန်ဝင်လာမိသည်

"ကားရပ်ထားတာကြာနေပြီလေဦးရဲ့.."

ကားတံခါးလေးဖွင့်ပေးထားကာ ရပ်စောင့်နေတဲ့ကလေးငယ်ကိုကြည့်လိုက်ခါမှ သူဘယ်လောက်ထိအတွေးလွန်နေတယ်ဆိုတာသိလိုက်ရသည်

"ကိုယ်နဲနဲအတွေးများသွားလို့ကိုးငယ်.."

ကားပေါ်ကဆင်းဆင်းချင်း ရုတ်တရက်သူ့အပေါ်ခုန်တတ်လာတဲ့ကလေးငယ်ကို ပြုတ်မကျအောင်ပြန်ဖက်ပြီးထိန်းထားလိုက်သည်

"ကလေးငယ်ပြုတ်ကျအုံးမယ် ဘာလို့အတင်းခုန်တတ်ရတာလဲကွာ ပြောရင်ကိုယ်ကချီမှာပေါ့"

"ပြုတ်မကျပါဘူး ထိန်းထားပေးမယ့်ဦးတစ်ယောက်လုံးရှိနေတာပဲကို...''

သူ့ရင်ခွင်ထဲတိုးဝင်ပြီးကလေးလေးလိုချွဲနေတဲ့ပေါက်စလေးကြောင့် အချစ်ပိုနေရပြန်တယ်

"ဟယ်..သားငယ်လေး...သားယံကအခုမှပြန်လာတာလေ ဘယ်လိုလုပ်ပြီး သားယံအပေါ်ခွတတ်
နေရတာတုန်း..နားပါစေအုန်းလေသားငယ်လေးရယ်..."

ကြီးနုက အပြင်ရောက်လာပြီးပြောနေတာ
ကြောင့်ကလေးငယ်မှာ မင်းယံလည်တိုင်ကိုပိုတိုးလို့ဖက်ထားလိုက်သည်

"မေမေကလည်း...မေမေဖေဖေ့ပေါ်မတတ်ရတိုင်းသားကိုဆူနေတယ်..ဟွန့်..''

ကိုးငယ်စကားကြောင့် ကြီးနုမျက်နှာချက်ချင်းရဲတတ်သွားရသည်

Coe Coe🦋( Completed )Tempat cerita menjadi hidup. Temukan sekarang