Part 13 🦋

13K 1.1K 5
                                    

Unicode 🦋

"ကိုးငယ်အိမ်ကြီးထဲမှာပဲနေနော် အပြင်လုံးဝမထွက်ရဘူး ခြံထဲဆင်းရင်လည်းအကြာကြီးမနေရဘူးနော်ကလေးငယ် အခုမှနေကောင်းခါစဆိုတော့ အအေးမိရင်ပြန်ဖျားမှာစိုးရတယ်.."

သူ့အင်းကျီကြယ်သီးတွေတပ်ပေးနေတဲ့ ကလေးငယ်ကိုကြည့်ပြီး တဖွဖွမှာနေသူကမင်းယံမှာ စိတ်မချနိုင်

"ဦးရယ် မနက်နိုးကတည်းကပြောနေတာ.ကိုးတောင်အလွတ်ရနေပြီ ဟွန့်..."

စူပုပ်ပုပ်လေးပြောလာတဲ့ ကလေးငယ်ရဲ့နှာခေါင်းလုံးလေးအား အသဲယားစွာ စွဲညှသ်လိုက်သည်

"ကိုယ်ကစိုးရိမ်လို့ပါ့ကွာ ဒီနေ့အရေးကြီးတဲ့နိုင်ငံခြားဧည့်သည်တွေနဲ့အစည်းဝေးရှိလို့သာသွားရမှာ မင်းလေးဘေးနားကနေ ခဏလေးတောင်မခွာချင်ဘူး..."

ကလေးငယ်ပါးလေးအားနမ်းပြီး ပိုကာပြောလာသူကြီးကြောင့် သူလေးကသဘောကျစွာရယ်လေတော့သည်

"ခ်ခ်...ဦးကပိုပြန်ပြီ....."

"မပိုပါဘူးကွာ လိုတောင်လိုနေသေးတယ် ကိုယ်သက်သေပြရမလား ဟွန်..."

သူလေးလည်တိုင်ကို မထိတထိနမ်းရှိုက်ရင်း စနောက်လာတဲ့မင်းယံ

"ခ်ခ်...ဦးယားတယ် အဲ့နားကိုမလုပ်ပါနဲ့လို့ပြောထားတဲ့ဟာကို...အား..ဦးရေ ယားတယ်လို့ "

"ကိုယ့်ကိုနမ်း နမ်းရင်ကိုယ်လွှတ်ပေးမယ်.."

သူ့လက်လေးကိုဆုပ်ကိုင်ထားရင်းပြောလေတော့
အရှက်သည်းလာတဲ့ကလေးငယ်က ခေါင်းလေးအောက်ငုံ့သွားပြီး နားရွက်ဖျားလေးတွေက နီရဲလာသည်

"မနမ်းဘူးလား..အဲ့ဒါဆိုဘကိုယ်"

"နမ်းမယ်..နမ်းမယ်..."..

သူ့လေးလည်တိုင်အနားတိုးကပ်သွားတော့ ခေါင်းလေးချက်ချင်းထောင်လာတဲ့ကလေးငယ်ကို
မင်းယံကြည့်လိုက်ပြီး ရယ်လိုက်မိသည်

"ကိုယ့်ကိုနမ်း.."

သူ့ရဲနှုတ်ခမ်းကိုလက်ညှိူးထိုပြလာတဲ့ ဦးကြောင့် ကိုးငယ်ခြေဖျားလေးထောက်လိုက်ပြီး ထိုလူကြီးရဲ့နှုတ်ခမ်းပါးအား ဖိကပ်နမ်းရှိုက်လိုက်လေသည်

Coe Coe🦋( Completed )Dove le storie prendono vita. Scoprilo ora