Unicode🦋
ဒီနေ့လေးက ပိုးသားရဲ့မွေးနေ့ရက်လေးဖြစ်တာကြောင့် ခါတိုင်းနေ့တွေထက်အလုပ်တွေရှုပ်နေတဲ့ အိမ်ကြီးထဲမှာလူအများစုံလင်စွာ
"သဲပေါက်လေးရေ..."
"ဗျာ..မမပြန်လာပြီ..."
အိမ်ထဲဝင်လာတည်းက ကိုးငယ်နာမည်သာခေါ်နေတဲ့အမဖြစ်သူကြောင့် စားသောက်ခန်းကနေအပြေးလေးထွက်လာတဲ့ကိုးငယ်
"မမ ပြန်လာပြီလားဟင် အဆင်ရောပြေခဲ့ရလား"
"ပြေပါတယ်ရှင် အဝတ်စားဝယ်ရတာပင်ပန်းတာမှမဟုတ်ပဲ ညကျရင်သဲပေါက်လေးဝတ်ဖို့ မမအဝတ်တွေဝယ်လာတယ် လာမမနဲ့သွားကြည့်ရအောင်..."
ကိုးငယ်မှာ ဘာမှပြန်ပြောချိန်မရ ပိုးသား
ဆွဲခေါ်ရာနောက်ပါသွားလေတော့တယ်"မိုးဝေ..."
"ဗျာကိုယံ...''
"ပိုးပိုးနဲ့ အဆင်ပြေပြီလား.."
"ဟို ကျနော်ညကျရင် သူ့ကိုလက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတယ်.."
"အရမ်းကောင်းတယ် သူလက်ခံမှာပါ..."
"ကျနော် နဲနဲစိတ်ပူနေတယ်..."
ခေါင်းကိုကုပ်ရင်း မဝံ့မရဲပြောလာတဲ့မိုးဝေက
တစ်ကယ်ကိုစိတ်လှုပ်ရှားနေပုံပင်"မပူပါနဲ့ကွာ ပိုးပိုးလည်းမင်းကိုချစ်နေတာပဲ
သူမလက်ခံမှာပါ မင်းကြိုးစားဖို့ပဲလိုတယ်..""ဟုတ်ကဲ့ကိုယံ.."
ကြီးမားတဲ့ခြံကျယ်ကြီးရဲ့အလယ်မှာ ညမီးရောင်လေးတွေက တဖျက်ဖျက်လက်နေပြီး လွန်စွာကြီးကျယ်ခမ်းနားလှသည်
ပွဲတတ်လာတဲ့ ဧည့်သည်တွေမှာ အသိုင်းအဝိုင်းကြီးဖြစ်တာကြောင့် သူအပြိုင်ကိုယ်အပြိုင်ဝတ်ဆင်ထားကြသည်မှာ မျက်လုံးကျိန်းချင်စရာ
တောက်ပြောင်နေတဲ့သူတွေကြားမှာ မှေးမှိန်နေတဲ့ကြယ်လေးတစ်ပွင့်ကတော ကလေးပေါက်လေး
ဧည့်ခံပေးဖို့ငှားထားတဲ့ဝန်ထမ်းတွေကြားမှာ ဝင်ကူညီပေးနေတဲ့ကိုးငယ်ဟာ ဘာမှမပြင်ဆင်ရသေးပဲ ညစ်ပတ်တူးလေးပုံစံနဲ့သာ
YOU ARE READING
Coe Coe🦋( Completed )
Romanceရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ