Final 🦋

17K 992 10
                                    

Unicode 🦋🦋🦋

"ကလေး...ကလေး...''

တောထဲအပြေးဝင်သွားတဲ့ မင်းယံမှာ မောဟိုက်ခြင်းတွေနဲ့အတူ ကလေးကိုသာခေါ်နေမိတယ်

"နင့်စောက်ပါးစပ်ကိုပိတ်ထား...အသံထွက်ရဲထွက်ကြည့်...''

ကိုးလေးရဲ့ပါးစပ်ကို လက်နဲ့အုပ်ရင်း အတင်းဆွဲခေါ်နေတဲ့မိုးမခ

ဦးကိုအသံပြုချင်ပေမယ့် သူမရိုက်နှက်ထားတဲ့ဒဏ်တွေကြောင့် ကိုးမှာလှုပ်တောင် မလှုပ်နိုင်

သူမဆွဲခေါ်ရာနောက်ကိုသာ တရွတ်တိုက်ပါသွားတဲ့ကိုးတစ်ကိုယ်လုံး နာကျင်မှုတွေကိုခံစားနေရတယ်

"ကလေး...''

ကျယ်လောင်တဲ့အသံနဲ့အတူ
မင်းယံရဲ့ ဒေါသစိတ်တို့ ပိုပိုပြီး ပြင်းထန်လာပြီ

မလှမ်းမကမ်းနားမှာ ဦးကိုလှမ်းမြင်နေရပြီမို့
ကိုး ဦးကိုလှမ်းခေါ်လိုက်ချင်သည်

"ငါသေရမယ်ဆိုရင်တောင် နင့်ကိုငါနဲ့အတူခေါ်သွားမှာ...''

ကိုးရဲ့လည်ပင်နားမှာ ရှိနေတဲ့ သူမလက်ထဲက ဓားကြောင့် ကိုးမှာတုန်တုန်ယင်ယင်

မြင်ကွင်းထဲကနေ ဦးပျောက်သွားတာမို့ ကိုးမျှော်လင့်ချက်မဲ့သွားခဲ့ပြီ

ကိုးလည်ပင်နားက သူမရဲ့ဓားကိုပြန်ရုတ်သွားချိန်

"အား...''

စူးရွားတဲ့အော်သံနဲ့အတူ မြေပြင်ပေါ်ကို အရှိန်နဲ့လဲကျသွားတဲ့သူမကြောင့် ကြောက်လန့်ကာ
နောက်ကိုလှည့်ကြည့်လိုက်တော့

"ဦး...''

လဲကျနေတဲ့သူမရဲ့လက်ထဲက ဓားကိုယူရင်း
လက်တစ်ဖက်က သူမပါးစပ်ကိုပိတ်ထားကာ
ကျန်လက်တစ်ဖက်က ဓားကိုကိုင်ရင်း သူမရဲ့
ကိုယ်အနှံ့ ဓားနဲ့အားပါပါမွှန်းနေတဲ့ဦး

"မင်းကများ..ငါ့ကလေးကို ထိခိုက်အောင်လုပ်ခဲ့တယ်ပေါ့လေ...မင်းပြန်ခံစားကြည့်လိုက်စမ်း''

စူးနစ်စွာ အသားထဲ တိုးဝင်လာတဲ့ နာကျင်မှုတွေကြောင့် သူမရုန်းကန်ပြီးငိုကြွေးနေတယ်

ဒါပေမယ့်မင်းယံရဲ့လက်တွေမရပ်သေး

"မင်းနဲ့ပက်သက်ခဲ့မိတာ ငါ့ဘဝရဲ့အကြီးမားဆုံးအမှားပဲ "

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora