Part 2 🦋

16.2K 1.3K 14
                                    

Unicode 🦋

မျက်ဝန်းထဲ အတင်းတိုးဝင်လာကုန်တဲ့ အလင်းရောင်သဲ့သဲ့လေးတွေကြောင့် အိပ်ယာကနေ ကုန်းရုန်းထကာ အနားရှိနာရီကို ယူကြည့်လိုက်တော့ နံပါတ်၇ကို ညွှန်ပြနေတဲ့ နာရီလက်တံရှည်လေး

အိပ်ယာထနောက်ကျနေပြီဖြစ်တဲ့ ကိုးငယ်လေးတစ်ယောက် ရေးချိူးခန်းထဲ အတင်းပြေးဝင်ကာ
သွားတိုက်မျက်နှာသစ်ကို ကပျာကယာလုပ်ရပြီ

ပြင်ဆင်ပြီးသည်နှင့် အခန်းလေးထဲကနေ အပြင်ဘက်ကို ပြေးထွက်လာခဲ့သည်မှာ လျင်မြန်စွာ

"မမသားအိပ်ရာထနောက်ကျသွားတာ သားတောင်းပန်ပါတယ်နော်..."

ထမင်းစားခန်းထဲဝင်ဝင်လိုက်ခြင်း အမဖြစ်သူနှင့် တိုးတာကြောင့် အမောတကောပြောလာပုံလေးမှာ တကယ်ကိုချစ်စရာ

"ဘာမှဖြစ်ပါဘူးကိုးလေးရဲ့ ကိုးလေးက အခုမှနေကောင်းခါစမလို့ မမတမင်လာမနှိုးပဲနေတာအိပ်ရေးရောဝရဲ့လားသဲပေါက်လေး.."

"ဟုတ်ကဲ့ ဝပါတယ်မမရဲ့...ဟီး...."

"အဲ့ဒါဆိုရင်မမတို့...မနက်စာပြင်ကြရအောင်လေ.."

"သားငယ်လေးနိုးလာပြီလား မေမေတို့မနက်စာပြင်ကြရအောင်လေ သားယံဆင်းလာတော့မယ်"

ကြီးနုစကားကြားသည်နှင့် ချက်ချင်းဖြူဖက်သွားသည့် ကိုးငယ်လေးမျက်နှာမှာသိသိသာသာ

"သားငယ်လေး..မျက်နှာကလည်းဖြူစုတ်နေပါလား သားလေးမသက်သာသေးဘူးလား..."

ဒါကိုမြင်တဲ့ကြီးနုမှာတော့ စိုးရိမ်ကြီးစွာမေးလာခဲ့ခြင်း

"မဟုတ်ပါဘူးမေမေ သားဦးကိုကြောက်လို့ပါ.."

မျက်နှာငယ်လေးနဲ့​ပြောလာတဲ့ကလေးကိုကြည့်ရင်း ကြီးနုနဲ့ပိုးသားမှာ သဘောကျစွာရယ်မိလိုက်ကြသည်

သားယံက မျက်နှာတည်နဲ့နေတတ်သူမို့ ဒီကလေးကြောက်နေသည်က သူလေးအလွန်တော့မဟုတ်

!တကယ့်အဖြူထည်လေးကွယ်...!

"ကြောက်စရာမရှိပါဘူးကိုးလေးရဲ့ အကိုကစိတ်သဘောပြည့်ဝပါတယ် စိတ်ကိုလျှော့ထားနော်.. "

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora