Part18 🦋

11.6K 909 14
                                    

Unicode 🦋

"ဦး...ဦးထပါအုံး..."

လက်သေးသေးလေးတွေနဲ့ မင်းယံရင်ဘက်ကိုထုရိုက်ပြီးနှိုးလာတဲ့ ကလေးငယ်

"ကလေးလေးဘာဖြစ်လို့လဲ..."

"ကိုး..ကိုးရေအိမ်သွားချင်တာလေ...ဟိုဟာ.."

စကားသံဆက်မလာတော့ဘဲ ခေါင်းလေးအောက်ငုံ့သွားတဲ့ကလေးကိုကြည့်ပြီး မင်းယံသဘောကျစွာပြုံးလိုက်မိတယ်

"လာ...ကိုယ်ပွေ့သွားမယ်နော်..."

ထိုအခါမှ အရောင်လက်လာတဲ့မျက်ဝန်းလေးတွေနဲ့ ခေါင်းတဆက်ဆက်ငြိမ့်ပြနေတဲ့ကလေး
ကို ပွေ့ချီပြီးခေါ်သွားလိုက်သည်

"ဦး..ဘာလို့ရပ်ကြည့်နေတာလဲ..သွား..သွားလေ..'

"ဟောဗျာ...ကိုယ်သွားတော့ကလေးငယ်ကအိပ်ရာဆီဘယ်လိုပြန်လာမို့လဲ..."

"အဲ့ဒါဆိုဟိုဘက်လှည့်နေ..."

"ဟားဟား...ဟုတ်ပါပြီကိုယ့်ယောကျာ်းလေးရယ်
မမြင်ဖူးတာလည်းမဟုတ်ပဲနဲ့..."

သူ့ကိုရယ်နေရင်း တခြားဘက်လှည့်သွားလိုက်မှမျက်နှာစူပုပ်ပုပ်ဖြစ်နေတဲ့ကလေးလေး

"ဦး..ရပြီ..."

ကလေးငယ်ကိုပွေ့ချီရင်းမွေ့ယာဆီပြန်လာခဲ့လိုက်သည်

"ကလေးလေး..ပြန်အိပ်လိုက်အုံးနော်..အခုထိမိုးမလင်းသေးဘူး..."

ကလေးငယ်အား သူ့ရင်ခွင်ထဲဆွဲသွင်းရင်း နဖူးလေးကိုနမ်းရှိုက်လိုက်တဲ့ မင်းယံ

"ဦး...ကိုးမေးစရာရှိတယ်..."

"မေးလေ..."

"တကယ်လို့..ကိုးကဦးမကြိုက်တာတွေလုပ်မိရင်
ကိုးကိုအပြစ်မြင်မှာလားဟင်.."

"ဟင်အင်း..ကိုယ့်ရဲ့ကလေးလေးဘာလုပ်လုပ်ကိုယ်အပြစ်မြင်မှာမဟုတ်ဘူး...ဘာကြောင့်လဲလို့မေးရင်..ကိုယ့်မှာဖြေစရာတစ်ခုပဲရှိတယ်..ကိုယ်ကလေးကိုအရမ်းချစ်လို့..."

"ကိုးဘာလုပ်လုပ်...ကိုးကိုစွန့်မပစ်ပါနဲ့နော်ဦး..ကိုးကို..အမြဲချစ်နေပေးပါနော်...''

"ပြောစရာမလိုလောက်အောင်...ကိုယ့်ကလေးလေးကိုအမြဲတမ်းချစ်နေမှာပါ...ဘာလို့ထူးထူးဆန်းဆန်းတွေပြောနေရတာလဲကလေးငယ်"

Coe Coe🦋( Completed )Where stories live. Discover now